Powered by Blogger.

Huawei က စမတ်ဖုန်းကင်မရာလောကကို ပစ်မှတ်ထားတဲ့ P9 နဲ့ P9 Plus တို့ကို မိတ်ဆက်


Huawei ကတော့ သူတို့ရဲ့ နောက်ဆုံးထွက်ဖြစ်ပြီး စွမ်းဆောင်ရည် အမိုက်စားဖုန်းတစ်လုံးဖြစ်တဲ့ Huawei P9 နဲ့ P9 Plus တို့ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ကျောဘက်ကင်မရာ နှစ်လုံးပါဝင်ပြီး ဒီဇိုင်းပိုင်းအနေနဲ့လည်း အတော်လေးကို ကောင်းမွန်လာတာကို တွေ့ရပါတယ်။

Huawei P9 ဟာဆိုရင်တော့ မျက်နှာပြင်အကျယ် ၅.၂ လက်မရှိပြီး P9 Plus ကတော့ ၅.၅ လက်မ အကျယ်အဝန်းရှိတဲ့ မျက်နှာပြင်ပါရှိပါတယ်။ ဖုန်းကတော့ အတော်လေးပါးလွှာတာကို တွေ့ရပြီး အလူမီနီယမ်ကိုယ်ထည်ပါ။မျက်နှာပြင်ဖန်သားအနေနဲ့တော့ Gorilla Glass 4 ကို အသုံးပြုထားတာကိုတွေ့ရပါတယ်။OS အနေနဲ့တော့ Android 6.0  Marshmallow  ဗားရှင်းကို အသုံးပြုထားပါတယ်။

ဒီဖုန်းဟာဆိုရင်တော့ Huawei အတွက် နောက်ဆုံးပေါ် ဒီဇိုင်းနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပါဝင်လာတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ကျောဘက် ကင်မရာ နှစ်လုံးပါဝင်လာပြီး တစ်လုံးစီမှာ 12 MP စီပါဝင်လာတာကြောင့် ပုံရိပ်တွေကို အလင်းကို ၂၀၀ ရာနှုန်းအထိ တိုးမြှင့်ရရှိစေမှာဖြစ်ပြီး အမိုက်စားဓာတ်ပုံတွေအဖြစ် ဖမ်းယူရရှိနိုင်မယ်လို့ Huawei က ဆိုပါတယ်။


Huawei ကတော့ ဒီဖုန်းမှာ ကင်မရာပိုင်းကို အတော်လေးပြင်ဆင်လာတာကို တွေ့ရပြီး အလင်းဝင်ပေါက် ချိန်ညှိနိုင်မှုနဲ့ ကင်မရာနှစ်လုံးပေါင်း ပုံရိပ်ဖမ်းယူမှုတွေကို focus ပြန်လည်ချိန်ညှိလို့ ရတဲ့ နည်းပညာတွေကို အသုံးပြုထားတာကိုတွေ့ရပါတယ်။ ကင်မရာပိုင်းကိုတော့ ကင်မရာနာမည်ကျော် ကုမ္ပဏီ Leica က ကူညီပေးထားတာဖြစ်ပြီး အတော်လေးကို ကောင်းမွန်လာတာကို တွေ့ရပါတယ်။

Selfie ကင်မရာအနေနဲ့တော့ 8 MP ကင်မရာကို အသုံးပြုထားပါတယ်။ P9 ရဲ့ 3 GB RAM မှာတော့ သိုလှောင်နိုင်မှုက 32 GB ရှိပြီး P9 Plus ရဲ့ 4 GB RAM မှာတော့ သိုလှောင်နိုင်မှုက 64 GB အထိရှိတာကို တွေ့ရပါတယ်။ Fingerprint sensor ကတော့ ကျောဘက်မှာပဲဖြစ်ပြီး P9 မှာ ဘက်ထရီအနေနဲ့တော့ 3000 MAh အထိ ပါဝင်လာပါတယ်။ P9 Plus မှာတော့ 3400 MAh အထိ တိုးမြှင့်သွားတာကိုတွေ့ရပါတယ်။

ဘက်ထရီကတော့ ဖြုတ်လို့ တပ်လို့ရမှာမဟုတ်ပါဘူး။ USB Type C ကိုအသုံးပြုထားပြီး SD ကတ် ထပ်စိုက်လို့ရပါတယ်။ ပရော်ဆက်ဆာအနေနဲ့တော့ Huawei က သူတို့ရဲ့ ကိုယ်ပိုင် Kirin 955 ပရော်ဆက်ဆာကို အသုံးပြုထားပါတယ်။

P9 ရဲ့ 3 GB RAM Edition ကတော့ 682 ဒေါ်လာ (မြန်မာငွေ ရှစ်သိန်းခန့် ) နဲ့ 4 GB RAM နဲ့ P9 Plus ကတော့ 853 ဒေါ်လာ ( မြန်မာငွေ ၁၀ သိန်းခွဲ ခန့် ) အထိ ဈေးနှုန်းတွေ ကြီးမြင့်တာကိုလည်း တွေ့ရပါတယ်။အရောင်အနေနဲ့တော့ ပုံမှာပြထားတဲ့ အရောင်သုံးရောင်နဲ့ ရရှိမှာဖြစ်ပြီး ရောင်းချမယ့်နေ့ကိုတော့ မသိရသေးပါဘူး။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment