Powered by Blogger.

ကားမောင်းသူတွေ အထောက်အကူရစေမယ့် Android Auto App ကို ဖုန်းတွေမှာ အသုံးပြုနိုင်ပြီ


Google ကတော့ သူတို့ရဲ့ Developer Conference တစ်ခုဖြစ်တဲ့ I/O ပွဲမှာ သူတို့ရဲ့ product အလန်းစားတွေ တစ်ခုပြီး တစ်ခုကို ပြသလို့နေပါတယ်။

အရင်ကာလတွေတုန်းကတော့ ကားတွေမှာသာ အသုံးပြုလို့ရနေတဲ့ Android Auto ကို ဖုန်းတွေမှာ အသုံးပြုလို့ရနိုင်စေဖို့အတွက် ဖုန်းအက်ပလီကေးရှင်းတစ်ခုအနေနဲ့ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အရင်တုန်းကတော့ Google ရဲ့ Android Auto ကို Google နဲ့ မိတ်ဖက်ထားတဲ့ ကားတွေမှာသာ အသုံးပြုလို့ရခဲ့ပေမယ့် အခုဆိုရင်တော့ ဖုန်းတွေမှာအဆင်ပြေပြေအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ကား Dashboard ပေါ်မှာ အသုံးပြုခဲ့တဲ့ Android Auto ဟာ ဖုန်းတွေမှာတော့ အသုံးပြုရတာပိုမိုအဆင်ပြေလာပြီး အားလုံးက အသံအခြေခံစနစ်နဲ့ ပြုလုပ်ထားတာဖြစ်တာကြောင့် ကားမောင်းနေတဲ့အချိန်မှာ အာရုံပျံ့လွင့်မှုကို အနည်းဆုံးဖြစ်စေမှာပါ။


Android Auto ယာဉ်လမ်းကြောင်းအခြေအနေ ၊ ယာဉ်ကြောကြပ်တည်းမှုသတင်းတွေ စတဲ့ ယာဉ်လမ်းကြောင်းသတင်းတွေကို အဆက်မပြတ်ထောက်လှမ်းပေးနေမှာဖြစ်ပြီး ကားပေါ်မှာ သီချင်းဖွင့်တာတွေ ၊ ဖုန်းပြောဆိုတာတွေ စတဲ့အလုပ်တွေကိုလည်း ယာဉ်မောင်း အာရုံပျံ့လွင့်စေမှုမရှိစေဘဲ အသုံးပြုနိုင်မှာပါ။

Android Auto ကို အခုလို ဖုန်းမှာ အသုံးပြုရင်းနဲ့ သီချင်းတွေ ၊ ယာဉ်လမ်းကြောင်းအချက်အလက်တွေကို ကား Dashboard မှာလည်း နားထောင်အသုံးပြုချင်တယ်ဆိုရင်တော့ Bluetooth နဲ့ပဲဖြစ်ဖြစ် Aux jack နဲ့ပဲဖြစ်ဖြစ်တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment