Powered by Blogger.

Xiaomi က 4K Resolution ရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ့် YI Action ကင်မရာကို ထုတ်လုပ်


Xiaomi ကတော့ ကင်မရာပိုင်းမှာလည်း YI ဆိုတဲ့ မျိုးဆက်နာမည်နဲ့ ကင်မရာတွေကို ထုတ်လုပ်လျက်ရှိနေပါတယ်။

အောင်မြင်မှုတွေလည်းရခဲ့တာကြောင့် Xiaomi က နောက်ထပ် အလန်းစား YI 4K လို့အမည်ပေးထားတဲ့ Action Camera ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး Action ကင်မရာကို Xiaomi က ထုတ်ဖော်လိုက်တာဟာ Action ကင်မရာလောကမှာ နာမည်ကြီးတဲ့ GoPro အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။

YI 4K Action ကင်မရာ မှာ ပါဝင်လာတဲ့ စွမ်းဆောင်ရည်တွေကို တစ်ချက်ကြည့်ကြပါမယ်။

Xiaomi ကတော့ YI 4K Action ကင်မရာမှာ Sony က ထုတ်လုပ်ထားတဲ့ 12 MP IMX377 ဆန်ဆာပါ Lens ကို အသုံးပြုထားပါတယ်။ အလွှာခုနစ်ထပ်ပါဝင်တဲ့ Lens တစ်ခုဖြစ်ပြီး f2.8 အလင်းဝင်ပေါက်နဲ့အတူ ၁၅၅ ဒီဂရီအကျယ်ရှိတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။

ဒီကင်မရာမှာတော့ ဝင်ရိုးခြောက်ခုပါ ထိန်းညှိကိရိယာလည်းပါဝင်တာကြောင့် တည်ငြိမ်မှုရှိပြီး ဝေဝါးမသွားစေတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။ ဒီအရာကတော့ GoPro ရဲ့ Hero 4 ကင်မရာမှာ ပါဝင်လာခြင်းမရှိတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။

YI 4K Action ကင်မရာဟာဆိုရင်တော့ 4K ရှိ ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ Frame Per Second (FPS) 30 နှုန်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး 2.5K ရိုက်ကူးရင်လည်း 30 fps ပါပဲ။ 1440p ရှိ ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ 60 fps နဲ့ ရိုက်ကူးနိုင်မှာပါ။ Slow-motion ရိုက်ကူးမှုမှာတော့ 1080p မှာ 120 fps, 960p မှာ 120 fps နဲ့ 720p မှာ 240 fps တို့နဲ့ ရိုက်ကူးသွားနိုင်မှာဖြစ်ပါတယ်။

WiFi ထောက်ပံ့မှု ၊ ဖုန်းနဲ့ချိတ်ဆက်နိုင်မယ့် Bluetooth ထောက်ပံ့မှုနဲ့ microSD ကတ်လည်း ထည့်နိုင်ပြီး ၂.၁၉ လက်မ အကျယ်ရှိတဲ့ LCD touchscreen နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဘက်ထရီပမာဏကတော့ 1400 mAh ဘက်ထရီရှိပြီး GoPro ရဲ့ Hero 4 ကင်မရာထက်တော့ ပိုမိုကြာရှည်ခံအောင် အသုံးပြုလို့ရတယ်လို့ Xiaomi က အခိုင်အမာပြောကြားထားပါတယ်။

Xiaomi ရဲ့ YI 4K Action ကင်မရာကိုတော့ ၂၄၉ ဒေါ်လာ (မြန်မာငွေ သုံးသိန်းနီးပါး)နဲ့ ရောင်းချသွားမှာဖြစ်ပြီး အဖြူရောင် ၊ အနက်ရောင်နဲ့ Rose Gold ဆိုပြီး အရောင်သုံးရောင်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment