Powered by Blogger.

Mother’s Day အတွက် reaction အသစ်တစ်ခုကို ခေတ္တထည့်သွင်းရန် Facebook စီစဉ်



Facebook ကတော့ သင့်အမေနဲ့ အချစ်တိုးနိုင်အောင်လို့ လုပ်ဆောင်ချက်တွေ တစ်ခုပြီးတစ်ခုပြုလုပ်လျက်ရှိနေပါတယ်။ မေလ ၈ ရက်နေ့မှာ ကျရောက်မယ့် Mother’s Day အတွက် Facebook ရဲ့ Profile Picture တွေမှာ “I Love My Mom” ဆိုတဲ့ frame တစ်ခုပြုလုပ်ပေးခဲ့ပြီး သုံးစွဲသူ အတော်များများကလည်း ဒီ frame လေးတွေနဲ့ profile picture ပြောင်းလဲပြီး Mother’s Day ကို ကြိုဆိုခဲ့ကြပါတယ်။

ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ Facebook ရဲ့ Reaction ခြောက်ခုမှာ ပန်းရောင်ပန်းပွင့်ပုံစံ reaction လေးတစ်ခု ထပ်တိုးလာမှာဖြစ်ပြီး Mother’s Day ပြီးတာနဲ့ ဒီ Reaction လေး ပေးလို့ရတော့မှာမဟုတ်ဘဲ ပျောက်ကွယ်သွားမှာပါ။ ဒီ reaction လေး ပေးခဲ့တဲ့ ပို့စ်အောက်တွေမှာတော့ ဒီပန်းပုံလေးက ကျန်နေခဲ့မှာဖြစ်ပါတယ်။

Facebook ဟာ အခုလို reaction တွေကို သက်ဆိုင်ရာနေ့တွေအလိုက် ထည့်သွင်းပေးတာဟာဆိုရင်တော့ ဘာမှမခက်တဲ့ကိစ္စဖြစ်ပေမယ့်လည်း Facebook အသုံးပြုနေသူတွေအတွက်တော့ FB ကို မစွန့်လွှတ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ဖြစ်စေတယ်လို့ မီဒီယာတွေက ရေးသားထားခဲ့ကြပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : The Verge


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment