Powered by Blogger.

Sony က ၆လက်မအကျယ်မျက်နှာပြင်နဲ့ 21 MP ကင်မရာပါဝင်လာတဲ့ Xperia XA Ultra ဖုန်းကိုမိတ်ဆက်




Sony ရဲ့ X မျိုးဆက်ကတော့ တဖြည်းဖြည်းအင်အားကြီးလာပြီလို့ ထင်မိပါတယ်။ XA , X နဲ့ X Performance ဆိုပြီး X မျိုးဆက် ဖုန်းသုံးလုံးရဲ့ နောက်မှာ Sony က သိပ်အသံမထွက်ဘဲ Xperia XA Ultra ကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ဒီဖုန်းကတော့ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ ဓာတ်ပုံရိုက်ကူးမှုတွေအတွက် အဓိက အားပေးပြုလုပ်ထားတဲ့ ဖုန်းအမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။



ကင်မရာပိုင်းအထူးကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ XA Ultra မှာဆိုရင်တော့ ကျောဘက်ကင်မရာဟာ 21 MP ရှိ Sony ထုတ် Exmor R ကင်မရာဖြစ်ပြီး hybrid autofocus နည်းပညာကို အသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ အလိုအလျောက် ထိန်းညှိနိုင်တဲ့နည်းပညာနဲ့ ၈၈ ဒီဂရီအကျယ်ရှိတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ ရှေ့ကင်မရာဆိုပေမယ့်လည်း flash မီးအထောက်အပံ့ပါဝင်ပါသေးတယ်။ 16 MP ရှိတဲ့ ကင်မရာတစ်လုံးဖြစ်တာကြောင့် Selfie အဆွဲ ကောင်းတဲ့သူတွေအတွက်တော့ မျောက်အုန်းသီးရနေသလို ဖြစ်နေလောက်ပါတယ်။

၆ လက်မအကျယ်ရှိတဲ့ အစွန်းကျယ် မျက်နှာပြင်ဟာ Full HD Display နဲ့အတူ 367 ppi ရှိပါတယ်။ မျက်နှာပြင်မှာ စိတ်ချမ်းသာစရာတစ်ခုကတော့ ပါးလှပ်ပြီး Samsung ရဲ့ Edge ဖုန်းတွေလို အစွန်းနားမှာ ယောင်ယောင်လေးကွေးထားတဲ့စတိုင်လ်ပါပဲ။




XA Ultra ဟာ RAM 3 GB ပါဝင်ပြီး Helio P10 (MT 6755) octa-core ပရော်ဆက်ဆာကို အဓိက အသုံးပြုထားပါတယ်။ XA ကတော့ မျက်နှာပြင်ကျယ်ဖုန်းတစ်လုံးဖြစ်ပေမယ့်လည်း ဘက်ထရီအနေနဲ့တော့ 2700 mAh ပမာဏသာ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Sony ကတော့ ဒီဘက်ထရီနဲ့ နှစ်ရက်လောက် အေးအေးဆေးဆေး အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။

ဒီဖုန်းကိုတော့ အနက်ရောင် ၊ အဖြူရောင်နဲ့ သံပုရာအရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ရရှိမှာဖြစ်ပြီး ဇူလိုင်လမှာ ဈေးကွက်တင်ပို့မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ပေါ်ထွက်လာခဲ့ခြင်းမရှိသေးပါဘူး။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment