Powered by Blogger.

Facebook ရဲ့ Auto-Translate က စာကြောင်းရေ သန်း ၂၀၀ကို နေ့စဉ် ဘာသာပြန်ပေးနေ


Facebook ကတော့ ကမ္ဘာတစ်ဝှမ်းမှာ သုံးစွဲသူပေါင်း ၁.၆ ဘီလျံကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အခုလို ကမ္ဘာတစ်ဝှမ်းက လူတွေ သုံးစွဲလာတာကြောင့် အသုံးပြုသူအားလုံး စုစုစည်းစည်းနဲ့ Facebook ပေါ်မှာ ပိုမိုချိတ်ဆက်ခွင့်ရစေဖို့အတွက် အလို အလျောက် ဘာသာပြန်ပေးတဲ့ Auto-Translate ကို FB က တီထွင်ခဲ့တာပါ။

Facebook က လုပ်လိုက်ရင်တော့ ပေါက်သွားတာက များပါတယ်။ ဒီ Translate ကတော့ ကျွန်တော်တို့နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဆန်ဖရန်စစ္စကို ပြုလုပ်ခဲ့တဲ့ နည်းပညာဆိုင်ရာ ပွဲတစ်ခုအရတော့ Facebook ရဲ့ Auto-Translate လုပ်ဆောင်ချက်ဟာ နေ့စဉ် စာကြောင်းရေ သန်း ၂၀၀ လောက် ကို ဘာသာပြန်ပေးနေပြီး ဘာသာစကားပေါင်း ၄၀၀ လောက်ကို ဝန်ဆောင်မှုပေးနိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Facebook ဟာ သူတို့ရဲ့ Auto-Translate ကို Google ရဲ့ Translate လိုမျိုးပဲ မေးသမျှကို ဆီလျော်အောင် ဘာသာပြန်ပေးနိုင်ဖို့ လုပ်ဆောင်နေပြီး အင်ဂျင်နီယာတွေကတော့ Auto-Translate ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Facebook ရဲ့ အင်ဂျင်နီယာအသင်းကတော့ ဘာသာစကားတွေကို ဆက်သွယ်မှုပြုလုပ်ဖို့အတွက် အဟန့်အတားမဖြစ်နေရအောင် ပြုလုပ်နိုင်တဲ့အထိ စွမ်းဆောင်သွားမယ်လို့ ဆိုခဲ့ပါတယ်။ Facebook ဟာ Live Stream ဗီဒီယို ဝန်ဆောင်မှုကိုလည်း မိတ်ဆက်ခဲ့ပြီး ၊ ဒီ ဗီဒီယိုဝန်ဆောင်မှုမှာလည်း ဘာသာပြန်နိုင်တဲ့ Auto-Translate ကို ထည့်သွင်းသွားနိုင်ဖို့ Facebook က မျှော်လင့်လျက်ရှိနေပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment