Powered by Blogger.

ကိုယ့် Password ကို အလွယ်တကူ ဟက်လို့မရအောင် ပြုလုပ်နည်းများ



World Password Day အဖွဲ့ကတော့ အင်တာနက်အသုံးပြုတဲ့ အခါမှာ ကိုယ့်ရဲ့ အကောင့်တွေ လုံလုံခြုံခြုံရှိစေပြီး ဟက်ကာတွေ အလွယ်တကူ ဟက်ယူလို့ မရနိုင်တဲ့ password ပေးနည်းတွေကို အင်တာနက်အသုံးပြုသူတွေအတွက် ထုတ်ပြန်ပေးလိုက်ပါတယ်။

သင့်အနေနဲ့ ကိုယ့်အကောင့်ရဲ့ Password ပေးတဲ့အခါမှာ “123456” , “password” , “letmein” စတဲ့  လွယ်ကူလွန်းတဲ့ password တွေကို ရှောင်ရှားသင့်ပြီး ဒီလို PW အတော်များများနဲ့ အကောင့်တွေကလည်း အဟက်ခံရပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ကိုယ့်အကောင့် အလွယ်တကူအဟက်မခံရအောင် ပြုလုပ်သင့်တဲ့ နည်းတွေကို အခုလိုပဲ ဖော်ပြလိုက်ရပါတယ်။

အကောင့်အမျိုးမျိုးအတွက် password တစ်ခုတည်းမသုံးပါနဲ့


ဟက်ကာတွေက ကျွန်တော်တို့ ပျင်းတယ်ဆိုတာ သိကြပါတယ်။ ဘယ်သူမဆို အကောင့်အမျိုးမျိုးအတွက် password တစ်ခုတည်းကိုသာ အသုံးပြုဖို့ ဆန္ဒရှိကြပါတယ်။ ဒါ့ကြောင့်နိုင်ငံခြားမှာဆိုရင်တော့  ဟက်ကာတွေက  twitter အကောင့်ရဲ့ PW ကို သိလိုက်တာနဲ့ ဘဏ်အကောင့်ကိုပါ ယူဖို့ မခက်ခဲ့တော့တာဖြစ်ပါတယ်။

ရှုပ်ထွေးတဲ့ Password ပေးထားပါ

 ရှုပ်ထွေးတဲ့ PW ဆိုတာကတော့ တစ်အားရှုပ်ထွေးစရာ မလိုပါဘူး။ ကိုယ်စာရိုက်တဲ့အခါ အသုံးပြုနေကျ # , &, ! , $ စတဲ့ key လေးတွေပေါ့။ ဥပမာအနေနဲ့တော့ PW ကို myname လို့ ပေးမယ်ဆိုရင် သင့်အနေနဲ့ $myN@me အဲ့လိုပေးလိုက်ရင် ဟက်ဖို့ ခက်ခဲ့သွားတဲ့ password လေးတစ်ခုဖြစ်သွားမှာပါ။


Password ခဏ  ခဏ ပြောင်းပါ

သင့် password ကို Up To Date ဖြစ်အောင် ထားနေတာက ဟက်ရတာ အရမ်းကို ခက်ခဲစေတယ်လို့ World Password Day အဖွဲ့ကဆိုပါတယ်။ သင့်အနေနဲ့ PW ကို Up To Date ထားရှိဖို့ဆိုတာ လွယ်ကူပါတယ်။ ဥပမာအနေနဲ့ သင်လက်ရှိလုပ်နေတဲ့ အလုပ်ပေါ့။ သင့်လက်ရှိအလုပ်က blogger ဆိုရင် blogger လို့ ပေးလိုက်ပါ။ အလုပ်ကြီးတော့ PW မပေးချင်ပါဘူးဆိုရင်တော့ သင်လက်ရှိတွဲနေတဲ့ ရည်းစားနာမည်ပေးလိုက်ပေါ့။


Password တစ်ခုတည်းနဲ့ အကောင့်ထဲကို ဝင်လို့မရအောင်ပြုလုပ်ထားခြင်း

သင့်အနေနဲ့ PW ရိုက်ရုံနဲ့ အကောင့်ထဲကို ရောက်မသွားအောင် ပြုလုပ်သင့်ပါတယ်။ ဖုန်းနံပါတ်ကို verification code ပို့ခိုင်းတာမျိုးနဲ့ ကိုယ့် E-mail ကို code ပို့ခိုင်းတာမျိုးတွေက သင့်အကောင့်ကို ပိုမိုလုံခြုံသွားစေမှာဖြစ်ပါတယ်။ အားမရသေးရင်တော့ Trusted Contacts တွေလည်း ထည့်ထားလို့ရပါသေးတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment