Powered by Blogger.

Oppo က ဘာစီလိုနာ ဘောလုံးအသင်း Theme ဗားရှင်း နဲ့ F1 Plus ကို မိတ်ဆက်



Samsung ကတော့ Galaxy S7 Edge ကို Batman ဗားရှင်းနဲ့ မိတ်ဆက်ခဲ့ပြီးတဲ့နောက်မှာ Oppo ကလည်း F1 Plus ဖုန်းကို ကမ္ဘာကျော် ဘောလုံးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်း Theme နဲ့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

 အနီရောင်နဲ့ အပြာရောင်ရောထားတဲ့ ဘာစီလိုနာအသင်းရဲ့ ဝတ်စုံကို Oppo က Theme ပြုလုပ်လိုက်တာပါ။ ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ ဘာစီလိုနာအသင်းရဲ့ ရွှေရောင်တံဆိပ်တစ်ခုကို တပ်ထားခဲ့ပါတယ်။

ဒီဖုန်းရဲ့ ကိုယ်ထည်မှာလည်း လီယွန်နယ်မက်ဆီ ၊ နေမာ ၊ ဆွာရက်ဇ် ၊ ရာကီတစ်နဲ့ အင်နီယေစတာစတဲ့ ဘာစီလိုနာအသင်းကစားသမားတွေရဲ့ လက်မှတ်တွေ ထိုးထားပြီး လာမယ့် ဇွန်လလယ်လောက်မှာတော့ ဒီဖုန်းကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ဒီဖုန်းကတော့ ၅.၅ လက်မ မျက်နှာပြင်အကျယ်ရှိပြီး ကျောဘက်ကင်မရာ 16 MP နဲ့ 2850 mAh ဘက်ထရီ ၊ RAM 4GB နဲ့ ပါရင်းစွဲ သိုလှောင်နိုင်မှု 64GB ပါဝင်လာတာပါ။

Oppo ကတော့ ဘာစီလိုနာအသင်းရဲ့အရောင်ကို အခြေခံပြုလုပ်ထားတဲ့ ဒီဖုန်းကို လူတိုင်းအကြိုက်တွေ့လိမ့်မယ်လို့ ဆိုပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းက ကစားသမားတွေရဲ့ လက်မှတ်တွေနဲ့ ဘာစီလိုနာအသင်းနဲ့ပတ်သက်တဲ့ theme တွေကြောင့် ဝယ်လိုအားမြင့်မားမယ်လို့ မျှော်မှန်းလျက်ရှိနေပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment