Powered by Blogger.

စစ်တပ်ပိုင်းဆိုင်ရာ လုံခြုံရေးစနစ်တွေအသုံးပြုထားတဲ့ ဒေါ်လာ ၁၆၀၀၀ တန် စမတ်ဖုန်း


သင့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေက သင့်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာ မခန့်မှန်းနိုင်ပေမယ့်လည်း Sorin Labs ကုမ္ပဏီကတော့ ဒေါ်လာ ၁၆၀၀၀ တန် စမတ်ဖုန်းနဲ့ အတူ သင့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ပေးသွားတော့မှာပါ။ ဒီဖုန်းကတော့ အခွန်မဆောင်ခင်မှာ ဒေါ်လာ ၉၅၀၀ သာတန်ကြေးရှိနေပေမယ့်လည်း အခွန်ဆောင်ပြီးကတော့ ဒေါ်လာ ၁၆၀၀၀ အထိ တန်ကြေးရှိနေခဲ့တာပါ။

Sorin Labs ကုမ္ပဏီကတော့ ဒီဖုန်းကို အသုံးပြုသူတွေဟာ တကယ့်ကို အဆင့်အတန်းမြင့်တဲ့ ကျော်ကြားသူတွေသာ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဒီဖုန်းဟာ ကိုယ့်ရဲ့ အချက်အလက်တွေ ပေါက်ကြားမှာကို တကယ်စိတ်ပူတတ်တဲ့ အရေးကြီးပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ထုတ်လုပ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖုန်းကတော့ specs တွေလည်း အတန်ငယ်ကောင်းမွန်တာကိုတွေ့ရပါတယ်။ ၅.၅ လက်မအကျယ်ရှိပြီး 2K resolution မျက်နှာပြင် Snapdragon 810 ပရော်ဆက်ဆာ ၊ RAM 4GB နဲ့ ပါရင်းစွဲသိုလှောင်နိုင်မှု 128GB အထိရှိတယ်လို့သိရပါတယ်။ ကျောဘက်ကင်မရာကတော့ 23.8MP ကင်မရာကို လေဆာနဲ့ auto focus ချိန်ညှိတဲ့ နည်းပညာနဲ့ တွဲဖက်ထားပြီး 4040 mAh ပမာဏရှိတဲ့ ဘက်ထရီကို ဒီဖုန်းမှာ အသုံးပြုထားတာဖြစ်ပါတယ်။OS ကတော့ Android ကို အသုံးပြုထားတာပါ။

Solarin ဖုန်းမှာတော့ စစ်တပ်ပိုင်းတွေမှာ အသုံးပြုလျက်ရှိနေတဲ့ လုံခြုံရေးနည်းပညာတွေကို အသုံးပြုထားပါတယ်။ နာမည်ကျော် KoolSpan ဆော့ဖ်ဝဲလ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ချစ်ပ်တွေကို အသုံးပြုထားတဲ့ AES encryption နည်းပညာကို ဒီဖုန်းမှာ အသုံးပြုထားတာကြောင့် ကမ္ဘာ့အကောင်းဆုံး လုံခြုံရေးပေးထားတဲ့ဖုန်းတစ်လုံးဖြစ်လာမယ်လို့  Sirin Labs ကုမ္ပဏီက ဆိုပါတယ်။



( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment