Powered by Blogger.

ကားကို ပါကင်ထိုးပေးမယ့် စက်ရုပ်ကို တရုတ်နိုင်ငံတီထွင်


ရှော့ပင်းစင်တာတစ်ခုခုကို သွားရင် ကိုယ့်ကားထိုးဖို့အတွက် ပါကင်လွတ်တဲ့နေရာ လိုက်ရှာရတာအမောပါပဲ။ ဒီလိုဒုက္ခတွေမတွေ့ရအောင်လို့ တရုတ်နိုင်ငံက တီထွင်မှုတစ်ခုကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ ပါကင်လွတ်တဲ့ နေရာအထိ ကားကို သယ်သွားပေးပြီး ပါကင်ပါ တစ်ခါတည်းထိုးခဲ့ပေးမယ့် စက်ရုပ်ကို တီထွင်လိုက်တာပါ။ ဒီစက်ရုပ်ဟာ အပြားပုံတစ်ခုသာဖြစ်ပြီး အောက်မှာ ဘီးတွေပါပါတယ်။ ကားပါကင်ထိုးလိုတဲ့သူကတော့ ကားကို လစ်လပ်နေတဲ့ ဂိုဒေါင်တစ်ခုထဲမှာ ခဏထားခဲ့ရမှာဖြစ်ပြီး ကိုယ်ဟာ့ကိုယ် သွားစရာရှိတဲ့နေရာကို သွားရောက်လို့ ရပါတယ်။

မကြာခင်မှာတော့ စက်ရုပ်က ကားထား ထားတဲ့ ဂိုဒေါင်တစ်ခုကို ရောက်လာမှာဖြစ်ပြီး အောက်ကနေ ကားကို သယ်သွားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကားကို ပါကင်လွတ်နေတဲ့နေရာမှာ ထိုးပေးသွားမှာဖြစ်ပြီး ဒီလိုနေရာလွတ်ရှာဖွေဖို့အတွက် စက္ကန့် ၁၂၀ သာ အများဆုံးကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

၂.၅ တန် အလေးချိန်ရှိတဲ့ ကားတွေကို ဒီအပြားစက်ရုပ်လေးက သယ်ဆောင်သွားနိုင်ပြီး ပါကင်ထိုးရင်လည်း လူတွေထက် ပိုတိကျတာကြောင့် ၄၀% အထိ နေရာပိုအောင် ပြုလုပ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ သင့်အနေနဲ့ကားကို ပြန်ထုတ်လိုတဲ့ အချိန်မှာတော့ ကားကိုလိုက်ရှာစရာမလိုပါဘူး။ ဖုန်းထဲက အက်ပလီကေးရှင်းကနေတစ်ဆင့် ကားပြန်ထုတ်ဖို့ ခလုတ်ကို နှိပ်လိုက်ရုံဖြစ်ပြီး ကားထားခဲ့တဲ့ ဂိုဒေါင်နားမှာ သွားစောင့်ဆိုင်းနေရမှာပါ။

ကားပြန်ရောက်လာရင်တော့ ဂိုဒေါင်က အလိုအလျောက်ပွင့်သွားမှာဖြစ်ပြီး ကိုယ့်ရဲ့ကားကို သော့ဖွင့်ပြီး စိတ်ကြိုက်မောင်းနှင်ရုံပဲဖြစ်ပါတယ်။
ဒီစက်ရုပ်ကတော့ ရန်ကုန်လို ကားများလွန်းတဲ့နေရာတွေအတွက်လည်း အသုံးဝင်နိုင်ပြီး ဒီစက်ရုပ်ရဲ့ တန်ကြေးကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ Shenzhen Yee Fung Automation နည်းပညာ ကုမ္ပဏီက ဒီစက်ရုပ်ကို တီထွင်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment