Powered by Blogger.

Samsung က Galaxy J3 Pro ကို မိတ်ဆက်



Samsung ကတော့ Galaxy A9 Pro ကို မိတ်ဆက်ခဲ့အပြီးမှာ နောက်ထပ် တန်ဖိုးနည်းဖုန်းတစ်လုံးဖြစ်တဲ့ Galaxy J3 Pro ကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။ J3 ကို Pro ဗားရှင်းနဲ့ ထုတ်လုပ်လိုက်တာကြောင့် Specs တွေ ပိုကောင်းလာပြီး အရင် J3 ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

J3 မှာတော့ ငါးလက်မအကျယ် မျက်နှာပြင်ကို အသုံးပြုထားပြီး HD Super AMOLED display (720p) ကို အသုံးပြုထားပါတယ်။ ပရော်ဆက်ဆာအနေနဲ့တော့ 1.2GHz Qualcomm Snapdragon 410 Quad Core SoC ကို အသုံးပြုထားပြီး 2GB RAM ၊ 16GB ပါရင်းစွဲ သိုလှောင်နိုင်မှုနဲ့ 2650 mAh ဘက်ထရီတို့ ပါဝင်လာတယ်လို့ သိရပါတယ်။

အပါချာ 2.0နဲ့ 5MP  ရှိတဲ့ ရှေ့ကင်မရာနဲ့ 8MP မှန်ဘီလူးကို အသုံးပြုထားတဲ့ ကျောဘက်ကင်မရာတွေလည်း ဒီဖုန်းမှာ ပါဝင်လာပါတယ်။ Android ဗားရှင်းအနေနဲ့တော့  Android 5.1 Lollipop ဗားရှင်းကို အသုံးပြုထားပြီး ဖုန်းကတော့ SIM နှစ်ကတ်အသုံးပြုလို့ရပါတယ်။ Network ကိုတော့ 4G LTE အထိ ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၁၅၀ ကျသင့်မှာဖြစ်ပြီး တန်ဖိုးသင့်တင့်ပြီး ကောင်းမွန်တဲ့ဖုန်းတစ်လုံးဖြစ်လာမှာပါ။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)   
#technology.thithtoolwin.com

Ref : GSM Arena
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment