Powered by Blogger.

စွမ်းဆောင်ရည်မြင့် Lenovo Air 13 Pro လက်ပ်တော့ကို စတင်မိတ်ဆက်


Lenovo ကတော့ မကြာသေးခင်ကမှ ထွက်ရှိထားခဲ့တဲ့ Xiaomi ရဲ့ “Mi Notebook Air” ကို ယှဉ်ပြိုင်ဖို့အတွက် ခြေလှမ်းသစ်တစ်ရပ်ကို စတင်လှမ်းလိုက်ပြီဖြစ်ပါတယ်။

Apple ရဲ့ Macbook Air နဲ့ ပုံစံအနေအထားအတော်လေးတူတဲ့ လက်ပ်တော့ကို Xiaomi က ဖော်ထုတ်ခဲ့တာဖြစ်ပြီး Lenovo ကလည်း Xiaomi နဲ့ ဈေးကွက်လုဖို့အတွက် Lenovo Air 13 Pro ကို ဈေးကွက်တင်ရောင်းချလိုက်တာလည်း ဖြစ်ပါတယ်။

မျက်နှာပြင်အကျယ် ၁၃.၃ လက်မရှိပြီး IPS display ကို အသုံးပြုထားကာ ပရော်ဆက်ဆာအနေနဲ့လည်း i5 6200U ပရော်ဆက်ဆာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ RAM အနေနဲ့တော့ 4GB ပါဝင်လာပြီး 256GB ပမာဏရှိတဲ့ SSD Storage လည်း Lenovo Air 13 Pro လက်ပ်တော့မှာပါဝင်လာခဲ့ပါတယ်။

Graphic ကတ်အနေနဲ့တော့ 2GB NVIDIA GT940MX ကတ်ကိုအသုံးပြုထားပြီး Lenovo Air 13 Pro ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်ကတော့ လက်ဗွေရာဆန်ဆာနဲ့ Unlock ပြုလုပ်နိုင်တာပါ။ ဒီလက်ပ်တော့ရဲ့ တန်ဖိုးကတော့ မြန်မာငွေ ရှစ်သိန်းကိုးသောင်းခန့်ကျသင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Xiaomi ရဲ့ Notebook Air နဲ့ ဈေးအတူတူပဲဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းတွေကလည်း အပြိုင်အဆိုင်ရှိတာကို တွေ့မြင်ရမှာပါ။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment