Powered by Blogger.

Xiaomi VR hesdset ကို ယနေ့တွင် ထုတ်ဖော်ရန်ရှိ


Xiaomi ဟာ သူတို့ရဲ့ စမတ်ပစ္စည်းတွေကို ဆက်တိုက်ထုတ်လုပ်ခဲ့ရာမှာ နောက်ဆုံးအနေနဲ့ ထုတ်ဖော်ဖို့ကျန်တဲ့ ပစ္စည်းကတော့ VR headset ပဲဖြစ်ဖို့များလာပါတယ်။ Xiaomi ရဲ့ VR Headset အသစ်ကို လာမယ့် သြဂုတ်လ (၁) ရက်နေ့မှာ Google ရဲ့ VR ဖြစ်တဲ့ Daydream ကိုအခြေခံပြီး ထုတ်လုပ်သွားဖို့ ရှိနေခဲ့တာပါ။

Xiaomi အနေနဲ့ Virtual Reality လို့ခေါ်တဲ့ “ပုံရိပ်ယောင်မြင်ကွင်း” ခေါင်းစွပ်ကို Android စနစ်ကို အခြေခံပြီး Xiaomi ရဲ့ ကိုယ်ပိုင် MIUI နဲ့ အလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Xiaomi ရဲ့ VR Headset အစီအစဉ်ကို ကုမ္ပဏီရဲ့ GM ဖြစ်သူ Tang Mu က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

Xiaomi ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က ပြုလုပ်ခဲ့တဲ့ Google ရဲ့ I/O 2016 ပွဲမှာ အံ့သြတကြီးဖြစ်ခဲ့ရတဲ့ 4K TV ကိုကြေငြာခဲ့တာပါ။ ယခုတစ်ဖန် Xiaomi အနေနဲ့ အံ့အားသင့်စရာ ဖြစ်အောင် ထပ်မံပြုလုပ်မှာ ဖြစ်ပြီး ဒီတစ်ခါအံ့အားသင့်ဖွယ်ဖြစ်လာနိုင်တာကတော့ Headset ရဲ့ ဈေးနှုန်းပိုင်းပဲ ဖြစ်ပါတယ်။

VR ကို ဈေးနှုန်းအနေနဲ့ သင့်လျှော်တဲ့ ဈေးနှုန်းတစ်ရပ်အဖြစ်နဲ့ ဒေါ်လာ ၉၀ဆိုတဲ့ ပမာဏနဲ့ ထုတ်လုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီသတင်းသာအမှန်ဖြစ်လာခဲ့မယ်ဆိုရင် Xiaomi ရဲ့ VR Headset ဟာ VR ဈေးကွက်ထဲမှာ ဈေးနှုန်းအသက်သာဆုံး အဖြစ်ရပ်တည်သွားမှာ ဖြစ်ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Phone Arena, Indian Express


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment