Powered by Blogger.

အိုလံပစ်ပြိုင်ပွဲရဲ့ ဆုတံဆိပ်ရှင်တွေကို 3D Printed ရှုးဖိနပ်တွေ ဆုချခဲ့တဲ့ Adidas


3D ပရင့်နည်းပညာကို ဖိနပ်တွေမှာ အသုံးပြုနိုင်ဖို့ဆိုတာ အရမ်းစောလွန်းနေတယ်လို့ ထင်စရာရှိပါတယ်။ ဒါကြောင့်သင့်အနေနဲ့ 3D ပရင့်နည်းပညာနဲ့ အားကစား ပစ္စည်းတွေကို ကနဦးပုံစံအနေနဲ့ ပြုလုပ်ခဲ့တဲ့ အားကစားကုမ္ပဏီကြီးကို ချီးမွန်းသင့်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်တုန်းက Adidas ဟာ Futurecraft 3D လို 3D ပရင့်ထုတ် ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အပြေးဖိနပ်ကို ပြသခဲ့ပါတယ်။ အခုတော့ ဂျာမန်ကုမ္ပဏီအနေနဲ့ နောက်ထပ် ခြေလှမ်းတစ်ရပ်ကို ထပ်မံထုတ်ဖော်လိုက်ပြန်ပါပြီ။

Adidas ဟာ ၂၀၁၆ခုနှစ်၊ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ အားကစားသမားတွေကို အသင့်ဝတ်ဆင်နိုင်မယ့် ရှုးတွေကို စပွန်ဆာပေးခဲ့ပြီး ထပ်လောင်းအနေနဲ့ ဆုတံဆိပ်ရရှိတဲ့ ဆုရှင်တွေကို ကန့်သတ်ထုတ်ကုန် 3D Print နည်းပညာနဲ့ ပြုလုပ်ထားတဲ့ “3D Print Winners Shoe” ကို ဆုအနေနဲ့ ထပ်မံချီးမြှင့်ခဲ့တာပါ။

Futurecraft 3D ရှုးနဲ့မတူတာကတော့ ဒီရှုးဖိနပ်ဟာ အနက်ရောင်ဖြစ်ပြိး ပိုမိုပေါ့ပါးသွားပါတယ်။ အဲ့ဒီအပြင် နောက်ထပ်ဆန်းသစ်ချက်တွေအနေနဲ့ ကစားသမားတွေရဲ့ ခြေထောက်နဲ့ တစ်သားထဲရှိနေစေအောင် အထူးထပ်မံ ဒီဇိုင်းထပ်မံ ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

( Beauty Syh )

သစ်ထူးလွင် (နည်းပညာ)
#technology.thithtoolwin.com

Ref: Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment