Powered by Blogger.

မထွက်ရှိသေးတဲ့ Xiaomi Mi Note 2 နဲ့ Xiaomi Redmi 4 ဖုန်းတွေရဲ့ ပုံရိပ်တွေ ပေါက်ကြားလာ



နောက်လအတွင်းမှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းနေကြတဲ့ Xiaomi Mi Note 2 ဖုန်းနဲ့ Xiaomi Redmi 4 ဖုန်းတွေရဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ကိုယ်ထည်အမိုက်စားတွေ ၊ လက်ဗွေဆန်ဆာတွေနဲ့ ကျောကင်မရာ နှစ်လုံးတွဲပုံရိပ်တွေဟာဆိုရင်တော့ Xiaomi ဖုန်း ပရိသတ်တွေအတွက် ရင်ခုန်စရာဖြစ်လို့နေပါတယ်။


Redmi 4 Pro လို့ ထင်ရတဲ့ဖုန်းရဲ့ ပုံရိပ်တွေဟာ မကြာသေးခင်ကလည်း ပေါက်ကြားလာခဲ့ပြီး သတ္တုကိုယ်ထည်ဖြစ်မယ်လို့ ထင်စရာရှိတဲ့ ပုံရိပ်တွေကတော့ တရုတ်နိုင်ငံရဲ့ Weibo လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့ကြဲလာခဲ့တာဖြစ်ပါတယ်။


 Redmi 4 မှာတော့ ကင်မရာဟာ အရင်ဖုန်းတွေအတိုင်းပဲ ပါဝင်လာမှာဖြစ်ပြီး ဘက်ထရီကတော့ 4100 mAh ပမာဏအထိ ပါဝင်လာမှာဖြစ်တယ်လို့ ကောလဟလသတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။


ဒါ့အပြင် မထွက်ခင်တည်းက hot ဖြစ်နေတဲ့ Xiaomi Mi Note 2 ဟာဆိုရင် Samsung ရဲ့ Galaxy S7 Edge လိုမျိုး ဖန်သားမျက်နှာပြင်ကွေးကို အသုံးပြုထားမှာဖြစ်ပြီး 6GB RAM , USB Type C နဲ့ ကျောဘက်ကင်မရာ နှစ်လုံးတွဲတို့ပါဝင်လာမယ်လို့ လတ်တလောပေါက်ကြားလာတဲ့ သတင်းတွေအရ သိရပါတယ်။  Xiaomi Mi Note 2 မှာဆိုရင်တော့ Snapdragon 821 SoC ပရော်ဆက်ဆာကို အသုံးပြုထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment