၆၈ ဒေါ်လာတန် 4G စမတ်ဖုန်းကို Samsung ထုတ်လုပ်
Samsung ကတော့ လောလောဆယ်မှာ တန်ဖိုးနိမ့်ဖုန်းတစ်လုံးဖြစ်တဲ့ Z2 အမည်ရ 4G စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ စတင်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။
ဒီဖုန်းမှာတော့ Samsung ရဲ့ mobile OS တစ်ခုဖြစ်တဲ့ Tizen OS ကို အသုံးပြုထားပြီး Tizen ဖုန်းတွေထဲမှာ 4G စနစ်ကို အထောက်အပံ့ပြုတဲ့ ပထမဆုံးဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။
1.5 GHz ပရော်ဆက်ဆာ ၊ RAM 1GB နဲ့ ပါရင်းစွဲသိုလှောင်နိုင်မှု 8GB အထိ ဒီဖုန်းမှာ ပါဝင်လာပါတယ်။
Z2 ဖုန်းဟာဆိုရင်တော့ ဖုန်းအင်တာနက် ဒေတာစားတာကိုလည်း လုံးဝလျှော့ချပေးမယ့်ဖုန်းတစ်လုံးဖြစ်ပြီး data ကို ၄၀ ရာနှုန်းအထိ ချွေတာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Samsung ကတော့ လောလောဆယ်မှာ သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Tizen အတွက် ဒေါ်လာ ၁၈၅၀၀၀ တန် ဂိမ်းရေးဆွဲပြိုင်ပွဲတစ်ရပ်ကိုလည်း developer တွေကြားမှာပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : The Verge
0 comments:
Post a Comment