Powered by Blogger.

iOS အတွက် တွစ်တာ app မှာ Night Mode ပါဝင်လာ


Android မှာ ဇူလိုင်လတည်းက ရရှိပြီးဖြစ်တဲ့ တွစ်တာရဲ့ night mode ကတော့ iOS သမားတွေကိုပါ ထိတွေ့ခွင့်ပေးလိုက်ပါပြီ။ မျက်စိအေးစေတဲ့ night mode ဟာဆိုရင်တော့ တွစ်တာစာမျက်နှာကို နက်ပြာရောင် ပြောင်းသွားမှာဖြစ်ပြီး စာလုံးတွေကိုလည်း အနက်ကနေ အဖြူရောင်ဆီကို ပြောင်းလဲပေးသွားမှာပါ။

အလင်းရောင်နည်းတဲ့ နေရာတွေမှာလည်း အဆင်ပြေပြေအသုံးပြုနိုင်ဖို့ night mode က လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ သင့်အနေနဲ့ night mode ကို setting ထဲက option မှာ ဝင်ရောက်ပြီး ဖွင့်ပေးရမှာပါ။ ဖွင့်ပြီးသွားရင်တော့ app ရဲ့ ဘေး၊ ဘယ်ညာဆွဲပြီး night mode ကို အဖွင့်အပိတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref :

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment