Powered by Blogger.

Galaxy Note 7 ၏ ဂျပန်သို့ပို့သည့် အလုံးများတွင် Samsung Logo မပါဝင်


ပြီးခဲ့တဲ့ နှစ်က ဂျပန်မှာ ဖြန့်ချိခဲ့တဲ့ Galaxy S6 နဲ့ S6 Edge ဖုန်းတွေမှာ ပုံစံမမှန်တဲ့ အရာတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက်မှာ လတ်တလောဖြန့်ချိခဲ့တဲ့ Note 7 ဖုန်းတွေမှာလည်း ပြသနာတွေဖြစ်ပေါ်လာတာ တွေ့ရပါတယ်။

 အဲ့ဒီအပြင် ဒီနှစ်အတွင်းဖြန့်ချိခဲ့တဲ့ Galaxy S7 နဲ့ S7 ဖုန်းတွေမှာလည်း ဂျပန်အပါအဝင် နိုင်ငံအချို့ကို ဖြန့်တဲ့ဖုန်းတွေရဲ့ အရှေ့ဖက်မျက်နှာစာမှာ Samsung ရဲ့ Logo ကို ဖြုတ်ထားဖို့အတွက်လည်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့ဖူးပါတယ်။

ယခုဖြန့်ခဲ့တဲ့ Galaxy Note 7 ဖုန်းတွေမှာတော့ ရှေ့မျက်နှာစာမှာအပြင် ကျောဘက်မှာပါ Samsung Logo မပါဝင်လာတော့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ Samsung အနေနဲ့ သူတို့ထုတ်လုပ်တဲ့ ဖုန်းတွေမှာ Logo တွေကို ဖြုတ်ချထားခဲ့ဖို့ ဆုံးဖြတ်ထားခြင်းမရှိပေမယ့် ယခုလို ဖြစ်ပေါ်လာတဲ့အတွက် သံသယဝင်စရာတွေ ဖြစ်လာခဲ့တာပါ။

ဂျပန်ဟာ Galaxy Note 7 မှာ Samsung Logo မပါဝင်ခဲ့တဲ့ ပထမဆုံးဈေးကွက် ဖြစ်လာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်က Samsung ဟာ သူတို့ရဲ့ အဓိကဖုန်းသစ်တွေမှာ Logo ကိုတစ်ခါမှ ဖြုတ်မချခဲ့ဖူးလို့ပါပဲ။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Sam Mobile, GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment