Powered by Blogger.

Apple Music App ကို Android မှာ အသုံးပြုနိုင်ပြီ



ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလတုန်းက Beta ဗားရှင်းထွက်ဖို့ အတွက် အထိုင်ချခဲ့တဲ့ Apple Music ဟာ ၁၀လကြာမြင့်ပြီးနောက်မှာတော့ တရားဝင်ဗားရှင်းအနေနဲ့ စတင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဆိုရင် ဗားရှင်း 1.0 အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး Google Play Store မှာ ဒေါင်းလုဒ်ရယူနိုင်ပြီ ဖြစ်ပါတယ်။

ဒီတရားဝင်ဗားရှင်း အနေနဲ့ ထွက်ရှိလာခဲ့ရာမှာတော့ Equalizer Setting တစ်ခုကို ထပ်မံထည့်သွင်းပြီး Update ပြုလုပ်ခဲ့တာပါ။ ဒီ Setting မှာ အသုံးပြုသူတွေအနေနဲ့ Apple Music နဲ့ iTunes Content တွေကနေ ပြန်လည် Playback လုပ်နိုင်ဖို့အတွက် Control တွေ ထပ်မံ ပါဝင်လာခဲ့ပါတယ်။

Apple ဟာ သူတို့ရဲ့ Android Version Music App အတွက် ထပ်မံဖြည့်သွင်းတဲ့ လုပ်ဆောင်ချက်တွေကို ဖြည်းဖြည်းချင်းစီ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းလောက်တုန်းကလည်း Android Version မှာ Homescreen Widget ကို ထည့်သွင်းပေးခဲ့ပြီး ဒါဟာဆိုရင် သီချင်းတွေကို Offline အနေနဲ့ နားထောင်နိုင်ဖို့အတွက် SD ကတ်ထဲကို Save လုပ်လို့ ရနိုင်တာဖြစ်ပါတယ်။

ဒီ Version အသစ်ကို Google Play ကနေတစ်ဆင့်ရယူနိုင်ပြီးတော့ သုံးလ Free အနေနဲ့ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Apple Music App ကို ဒေါင်းလုဒ်ရယူရန်အတွက် ဒီနေရာကို နှိပ်ပေးပါ။

Link: https://play.google.com/store/apps/details?id=com.apple.android.music&hl=en
Ref: 9to5Google, Engadget


( Beauty Syh )

#celebrity.thithtoolwin.com
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment