ကမ္ဘာကျော် TV ထုတ်လုပ်တဲ့ ကုမ္ပဏီ Sharp ဟာ ယခုအခါ စမတ်ဖုန်းပြိုင်ပွဲတွေထဲကို ထပ်မံတိုးဝင်လာခဲ့ပြန်ပါတယ်။ Sharp အနေနဲ့ ယခုအခါ စမတ်ဖုန်းသစ်တစ်မျိုးကို ထိုင်ဝမ်ဈေးကွက်ထဲမှာ ကြေငြာခဲ့လို့ပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ညီညွတ်တဲ့အခြေအနေမှာ ရှိပြီး ဒေါ်လာ ၂၈၄နဲ့ ဈေးဖွင့်ထားပါတယ်။
ဖုန်းသစ် Aquos Z2 ဟာ လုပ်ဆောင်ချက်တွေအနေနဲ့ သတ္တုကိုယ်ထည်နဲ့ မျက်နှာပြင်ကွေးပုံစံ၊ MediaTek Helio X20 chipset၊ ၅.၅လက်မအရွယ် 1080p resolution မျက်နှာပြင်၊ RAM ပမာဏ 4GB နဲ့ 32GBရှိတဲ့ Internal Storage တို့ ပါဝင်မှာ ဖြစ်ပါတယ်။
ကျောဘက်ကင်မရာ 16MP နဲ့ dial-LED flash နဲ့ PDAF တို့ပါဝင်မှာ ဖြစ်သလို ရှေ့မျက်နှာစာကင်မရာကတော့ 8MP နဲ့ (f/1.8 aperture, 82-degree မျက်နှာပြင်ကျယ်မှန်ဘီလူး) တွေပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းအနေနဲ့ dual-SIM အတွက်ထောက်ပံ့ပေးမှာ ဖြစ်ပြီး တစ်ကဒ်ကို 4G စနစ်အထိ ထည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။
ဘက်ထရီကတော့ 3000mAh ရှိတဲ့ ဖြုတ်လို့မရတဲ့ ဘက်ထရီအမျိုးအစားဖြစ်ပြီး အားအမြန်သွင်းစနစ်ကို ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ USB Type C အမျိုးအစား ပါဝင်တာဖြစ်ပြီး အားသွင်းရာမှာ 0% ကနေ 70% ကိုသွင်းဖို့အတွက် မိနစ်၂၀ခန့်သာအချိန်ပေးရတာဖြစ်ပြီး ဆယ်မိနစ်အားသွင်းချိန်အတွက် တစ်နာရီခန့် ဖုန်းပြောနိုင်တယ်လို့ သိရပါတယ်။
Sharp အနေနဲ့ကတော့ ထိုင်ဝမ်အပြင် ဘယ်ဈေးကွက်ကို ရောင်းချပေးသွားမယ်ဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် ကုမ္ပဏီအနေနဲ့ ဈေးကွက်နဲ့ ရောင်းအားကို ထိုင်ဝမ်အပြင် စင်္ကာပူ၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတွေလို အရှေ့တောင်အာရှအထိ ချဲ့ထွင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Phone Arena
0 comments:
Post a Comment