အနုပညာရှင်တစ်ဦးက ပေ ၅၀ ရှိတဲ့ နံရံပေါ်မှာ ‘Pokemon Go’ Graffiti ရေးဆွဲ ဂုဏ်ပြု
နယူးယောက်ပြည်နယ်မှာ အနုပညာရှင်တစ်ဦး က အကောင်းမြင်စိတ်နဲ့ ဥာဏ်ကွန့်မြူးပြီး ကြီးမားတဲ့ Pokemon နံရံကြီး ရေးဆွဲပြီး Pokemon Go အပေါ်ထားတဲ့ သူ့အချစ်ကို ဖေါ်ပြခဲ့ပါတယ်။
အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ Efren Andaluz က မှုတ်ဆေးဘူးပေါင်း ၁၅၀ အသုံးပြုပြီး ပေ၅၀ ရှည်တဲ့ သူ့ရဲ့ စတူဒီယို အပြင်နံရံမှာ ဆယ်ရက်ကျော်ကြာ အချိန်ပေးပြီး ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
Andaluz က YouTube ပေါ်မှာ သူ Pokemon ကို ဘယ်လိုဖန်တီးရေးဆွဲထားတယ် ၊ ‘သင့်ရဲ့ ရပ်ရွာအဖွဲ့အစည်းကို ချစ်ပါ’၊ ‘ မူးယစ်ဆေးမသုံးပါနဲ့‘ စတဲ့ သတိပေးစာလေးတွေ ပါဝင်တယ်တဲ့ ဗွီဒီယိုကို YouTube ပေါ်မှာ တင်ခဲ့ပါတယ်။
‘ အဆောက်အအုံရဲ့ အပြင်ဖက် နံရံမှာ ဘာဆွဲရမလဲ မသေချာပဲ ဖြစ်နေတာ တော်တော်ကြာပြီ။ ခုလို ဆွဲလိုက်ရတာက ပြည့်စုံတဲ့ အခွင့်အရေးတစ်ခုရလိုက်တာပါပဲ ‘ လို့ Andaluz ကပြောပါတယ်။
( Michelle )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : UPI
0 comments:
Post a Comment