အမေရိကန်လေကြောင်းနဲ့ အာကာသထိန်းချုပ်ရေးအေဂျင်စီ (NASA) ရဲ့ ဂျူပီတာဂြိုဟ်ကို လေ့လာဖို့စေလွှတ်ခဲ့တဲ့ ဂျူနိုအာကာသယာဉ်ဟာ ဒီအပတ်ရဲ့ စနေနေ့ မနက် ၈နာရီ၅၁မိနစ်မှာ ဂျူပီတာဂြိုဟ်ကို အနီးကပ်အနေအထားနဲ့ ပထမဆုံးရိုက်ကူးမှာ ဖြစ်ပါတယ်။ ဂျူနိုအနေနဲ့ ဂျူပီတာရဲ့ ပတ်လမ်းအတွင်းမှာ ရှိနေတာဖြစ်ပြီး ဂြိုဟ်တိမ်တိုက်တွေရဲ့ မိုင်ပေါင်း ၂၅၀၀ အကွာမှာ ရှိနေတယ်လို့ သိရပါတယ်။
အခုလိုအနီးကပ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တာဟာ ဂျူနိုအနေနဲ့ ဂျူပီတာဂြိုဟ်နားမှာ ပါဝင်တဲ့ စက်ကိရိယာတွေဖွင့်ပြီး ရိုက်ကူးမယ့် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဂျူနိုဟာ ဂျူပီတာဂြိုဟ်နားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ရက်နေ့တုန်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ဂျူနိုရဲ့ ခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၅ရက်နေ့တုန်းက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်ကနေ Atlas V ဒုံးပျံနဲ့ အာကာသအတွင်းကို လှတ်တင်ခဲ့တာပါ။ ဂျူနိုဟာ တစ်စက္ကန့်ကို မိုင်လေးဆယ်နှုန်းနဲ့ ခရီးနှင်ခဲ့တာဖြစ်ပြီး နောက်ဆုံးဂြိုဟ်ပတ်လမ်းထဲက ဝင်ရောက်တဲ့အချိန်မှာ အမြန်နှုန်းကို လျော့ချခဲ့ရပါတယ်။
ဂျူနိုအနေနဲ့ ဂျူပီတာဂြိုဟ်ရဲ့ နာမည်ကြီးတဲ့ အနီရောင်အငွေ့အစက်ကြီးထဲမှာ ဘာရှိမလဲ၊ ဂြိုဟ်ကြီးရဲ့ ဖြစ်တည်လာပုံ၊ ဆင့်ကဲဖြစ်စဉ်တွေအပြင် တခြား Mission တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လွှတ်ခဲ့တာပါ။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: The Verge, DT
0 comments:
Post a Comment