မျက်နှာပြင်အကျယ် ၂၄လက်မရှိတဲ့ ဂိမ်းမော်နီတာကို Dell ထုတ်ဖော်
အမေရိကန်ကွန်ပျူတာ ကုမ္ပဏီ Dell ဟာ မျက်နှာပြင်အကျယ် ၂၄လက်မရှိတဲ့ ဂိမ်းမော်နီတာ အမျိုးအစားသစ် တစ်မျိုးကို ထပ်မံထုတ်ဖော်လိုက်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် ပြီးခဲ့တဲ့ နှစ်က ထုတ်လုပ်ခဲ့တဲ့ ၂၇လက်မအရွယ် ဂိမ်းမျက်နှာပြင် မော်နီတာထက် ပိုမိုသေးငယ်ပြီး အနည်းငယ် အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းအနေနဲ့ ထွက်ပေါ်လာခဲ့တာပါ။
ဒါကြောင့် ဒီနှစ်မျိုးဟာ လုပ်ဆောင်ချက်ချင်း ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ လုပ်ဆောင်ချက်တွေအနေနဲ့ 2560 x 1440 QHD Resolution, 1000:1 contrast ratio, 1.2 DisplayPort တစ်ပေါက်, HDMI 1.4, USB3.0 လေးပေါက်နဲ့ 3.5mm နားကြပ်ပေါက်တစ်ပေါက်ပါဝင်တယ်လို့ သိရပါတယ်။
ဒီနှစ်ခုကြားမှာ ကြီးမားတဲ့ ကွာဟချက်ကတော့ Refresh rate ပဲဖြစ်ပါတယ်။ ၂၄လက်မအရွယ် ဗားရှင်းအသစ်ကတော့ Refresh Rate အနေနဲ့ 165Hz ပါဝင်ပြီး ၂၇လက်မမှာတော့ 144Hz သာပါဝင်တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အဲ့ဒီအပြင် NVIDIA G-Sync စနစ်ပါဝင်ပြီး ဒါဟာဆိုရင် မျက်နှာပြင်ရဲ့ ဆုတ်ယုတ်ဖျော့တော့မှုတွေ၊ မဲမှောင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။
ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၆၉ရှိမှာဖြစ်ပြီး Amazon နဲ့ တခြားအွန်လိုင်းစတိုးတွေကနေ မှာယူနိုင်တယ်လို့ သိရပါတယ်။
( Beauty Syh )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : The Verge
0 comments:
Post a Comment