Tesla ကုမ္ပဏီဟာ Model X နဲ့ S ကားတွေအတွက် ၃၁၅မိုင်တိုင်တိုင် ခရီးသွားနိုင်အောင် ဆန်းသစ်တီထွင်ထားတဲ့ 100 kWh ရှိတဲ့ ဘက်ထရီတွေကို ထုတ်ဖော်လိုက်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် လက်ရှိရှိနေတဲ့ 90 kWh မော်ဒယ်ကို ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။
ဒီလို ဘက်ထရီကို အဆင့်မြှင့်တင်လိုက်ရာမှာ Model S P100D ဟာ ဈေးကွက်ထဲက လျှပ်စစ်ကားတွေထဲမှာ အားတစ်ကြိမ်သွင်းရုံနဲ့ ပထမဆုံးနဲ့ တစ်စင်းထဲသော မိုင် ၃၀၀ ကျော်သွားနိုင်တဲ့ ကားတစ်စင်းဖြစ်လာခဲ့ပါတယ်။
ဘက်ထရီအသစ်အနေနဲ့ ယခင် 90 kWh ဗားရှင်းနဲ့ ပုံစံရော၊ အရွယ်အစားပါတူညီပြီး အဆင်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေအရ ပိုမိုဆန်းသစ် ပြောင်မြောက်တဲ့ ကားတွေကို ထုတ်လုပ်နိုင်တော့မှာ ဖြစ်တယ်လို့ သိ၇ပါတယ်။
ဒီဘက်ထရီအသစ်ကို ထည့်သွင်ထားတဲ့ Model S P100D ဟာ ၂.၅စက္ကန့်အတွင်းမှာ ၀ ကနေ တစ်နာရီမိုင် ၆၀နှုန်းအထိ တင်နိုင်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် Tesla ရဲ့ လျှပ်စစ် SUV ကားဖြစ်တဲ့ Model X P100D ရဲ့ ၂.၉စက္ကန့်အတွင်း 60mph ကိုတင်နိုင်တဲ့ နှုန်းထက် ပိုမိုမြန်ဆန်ပြီး သွားနိုင်တဲ့ ၂၈၉မိုင်အကွာအဝေးထက်လဲ ပိုမို များပြားတာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် Tesla ကုမ္ပဏီဟာ လျှပ်စစ်ကားတွေ ထုတ်လုပ်ရာမှာ အလျှင်မြန်ဆုံး တိုးတက်နေတဲ့ ကုမ္ပဏီဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ပိုမိုအားစိုက်လာခဲ့ကြရာမှာ Tesla ရဲ့လျှပ်စစ်ကား ကဏ္ဍဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်လာခဲ့ပါတယ်။
( Michelle )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Engadget
0 comments:
Post a Comment