Powered by Blogger.

Google က ထုတ်လုပ်တဲ့ စမတ်ဖုန်းနှစ်လုံး လာမယ့်လအတွင်းထွက်ရှိမည်


Android စနစ်ကိုတီထွင်ထားတဲ့ Google ကုမ္ပဏီကတော့ သူတို့ကိုယ်တိုင်လည်း စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချခဲ့သလို အောင်မြင်မှုတွေလည်း အတော်အတန်ရရှိခဲ့တာကတော့ အားလုံးသိပြီးဖြစ်မယ်လို့ ထင်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Nexus ဖုန်းမော်ဒယ်အသစ်နှစ်မျိုးကတော့ လာမယ့်လအတွင်းမှာ ဈေးကွက်ဝင်လာတော့မှာပါ။

နောက်ထပ် မော်ဒယ်သစ်ဖုန်းနှစ်လုံးဟာ ငါးလက်မနဲ့ ၅.၅ လက်မ မျက်နှာပြင်အကျယ်ကို အသုံးပြုထားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဖုန်းတွင်း storage 128GB အထိ ပါဝင်လာဖွယ်ရှိနေပြီး နောက်ဆုံးထွက်ရှိထားတဲ့ Android 7.0 Nougat စနစ်ကို အသုံးပြုလာဖွယ်ရှိနေတယ်လို့လည်း သတင်းတွေက ကျယ်ပြန့်နေပါတယ်။

တန်ဖိုးမြင့် Android ဖုန်းတွေအနေနဲ့သာ ဈေးကွက်ဝင်ဖွယ်ရှိနေပြီး Nexus ဖုန်းတွေရဲ့ ထုံးစံအတိုင်း ဖုန်းမှာပါဝင်လာမယ့် specs တွေအတွက် သတင်းအတိအကျ မသိရသေးပါဘူး။ ဖုန်းနှစ်လုံးရဲ့ နာမည်တွေကိုတော့ Sailfish နဲ့ Marlin ဆိုပြီး ပေးထားတယ်လို့ သိရပြီး HTC ဖုန်းကုမ္ပဏီကနေ တာဝန်ယူထုတ်လုပ်သွားမှာပါ။

ထူးခြားချက်အနေနဲ့တော့ Google ဟာ ဒီဖုန်းတွေမှာ Apple ရဲ့ iPhone တွေကနေ data တွေကို အလွယ်တကူ ပေးပို့နိုင်မယ့် စနစ်တွေကို ထည့်သွင်းသွားမယ်လို့ သိရပြီး ဈေးနှုန်းကိုတော့ တိတိကျကျသိရှိရခြင်း မရှိသေးပါဘူး။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment