Powered by Blogger.

Samsung ရဲ့ Galaxy C Series နောက်ဆုံးမျိုးဆက်အနေနဲ့ထွက်ရှိလာနိုင်တဲ့ C9



ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းကမှ Galaxy C Series ဖုန်းတွေကို စတင်မိတ်ဆက် ထုတ်လုပ်ခဲ့တဲ့ Samsung ဟာဆိုရင်တော့ Galaxy C9 ဖုန်းကို နောက်ဆုံးအနေနဲ့ ထုတ်လုပ်ပြီး C မျိုးဆက်ဖုန်းတွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားဖွယ်ရှိနေပါတယ်။

 ဈေးအလယ်အလတ်တန်းစားဖုန်းမျိုးဆက်ဖြစ်ပြီး တရုတ်ဈေးကွက်အတွက် အဓိက ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ C မျိုးဆက်ဟာဆိုရင်တော့ specs ကောင်းကောင်းနဲ့ ဈေးလည်းသင့်တင့်တာမို့ နာမည်ကောင်းရတဲ့ မျိုးဆက်ဖြစ်ပါတယ်။

C5 နဲ့ C7 ဆိုပြီး နှစ်လုံးသာထုတ်လုပ်ရသေးပြီး C9 ကိုတော့ မကြာခင်မှာ ထုတ်လုပ်ဖို့ Samsung က ကြိုးစားလျက်ရှိနေတာပါ။ မော်ဒယ်နံပါတ် SM-C9000 လို့ ခေါ်တွင်ထားတဲ့ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကတော့ ပေါက်ကြားလာခဲ့ခြင်းမရှိသေးပါဘူး။

C9 ဟာဆိုရင်တော့ သတ္တုကိုယ်ထည်နဲ့ပဲ ထွက်ရှိလာနိုင်ပြီး 5.7” 1080p AMOLED display, Snapdragon 625 chipset, and 3,300 mAh battery တို့ ပါဝင်လာခဲ့တဲ့ C7 ထက်တော့ ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Samsung နှစ်သက်သူတွေကတော့ C မျိုးဆက်ဖုန်းတွေကို ထပ်မံထုတ်လုပ်ပေးသွားမယ်လို့ မျှော်လင့်လျက်ရှိနေတယ်လို့ သိရပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : ANAuth


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment