တူရကီ အင်ဂျင်နီယာတွေက စိတ်ကူးယဉ် သိပ္ပံပညာတွေကို ကြီးမားပြီး ပြောင်းလဲနိုင်တဲ့ စက်ရုပ်ကားကြီးအဖြစ် တကယ့်လက်တွေ ဖန်တီးတည်ဆောက်လိုက်ကြပါတယ်။
တူရကီကုမ္ပဏီဖြစ်တဲ့ Letrons က သူတို့ရဲ့ ဖန်တီးတီထွင်မှုကို လက်တွေ့မောင်းနှင်ပြသထားတဲ့ ဗီဒီယိုကို YouTube ပေါ်မှာ ပြသခဲ့ပါတယ်။
ဖန်တီးထားတဲ့ယာဉ်က ရုပ်ရှင်တွေထဲကလို တစ်ထပ်တည်းဖြစ်ပြီး မောင်းနှင်သူ ဒါမှမဟုတ် လိုက်ပါမယ့်သူအတွက် အခန်းမပါရှိပေမယ့် ရီမုကွန်ထရိုးနဲ့ ထိန်ချုပ်ထားတာဖြစ်တယ်လို့ ဖန်တီးသူတွေက ဆိုပါတယ်။
ဗီဒီယိုထဲမှာ ကားကို အရင် လှည့်ပတ်မောင်းနှင်ပြသပြီး နောက် ကားကိုရပ်ပြီး ခေါင်း၊ လက်မောင်း နဲ့ လက်ချောင်းတွေ လှုပ်ရှားလာပြီး ကြီးမားတဲ့ စက်ရုပ်အဖြစ် အသွင်ပြောင်းသွားပါတယ်။ အဲ့ဒီကမှ တစ်ခါ ကားအဖြစ် ပြန်လည်ပုံပြောင်းပြီး ဆက်လက်မောင်းနှင် ပြသသွားပါတယ်။
BMW အားကစားကားကို အသုံးပြုထားတာဖြစ်ပြီး အင်ဂျင်နီယာ၁၂ယောက်က အချိန် ၈ လ အတွင်း ဖန်တီးတီထွင်ထားတာဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : UPI
0 comments:
Post a Comment