Powered by Blogger.

ဒိန်းမတ်မှာ ဒေတာစင်တာတစ်ခု တည်ဆောက်မယ့် Facebook



Facebook ဟာ သူတို့ရဲ့ တတိယမြောက်ဒေတာစင်တာကို အမေရိကန်ပြည်ထောင်စုရဲ့ ပြင်ပမှာဖြစ်တဲ့ ဒိန်းမတ်နိုင်ငံမှာ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဒေတာစင်တာကို လူမှုကွန်ယက်ဘီလူးကြီးအနေနဲ့ တိုးများလာနေတဲ့ ဒေတာတွေဖြစ်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို သိမ်းဆည်း၊ ထိန်းချုပ်ဖို့အတွက် အသုံးပြုမှာ ဖြစ်တယ်လို့ ဒင်းနစ်ရှ်သတင်းတွေရဲ့ အဆိုအရ သိရပါတယ်။

အကျယ်အဝန်း ၁၈၄,၀၀၀ စကွဲမီတာ ရှိမယ့် ဒီစင်တာကြီးကို စာရေးဆရာ Hans Christian Andersen ရဲ့ မွေးဖွားရာဇာတိဖြစ်တဲ့ Odense မှာတည်ဆောက်မှာ ဖြစ်ပြီး အလုပ်အကိုင်နေရာပေါင်း ၁၂၀၀ကျော်ကို ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီအနေနဲ့ ဒီလိုပုံစံတူ စင်တာတစ်ခုကို ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက ဆွီဒင်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ဖူးပြီး လက်ရှိဆိုရင်လည်း အိုင်ယာလန်နိုင်ငံမှာ တစ်ခုရှိနေပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
Technology.thithtoolwin.com
Ref: Reuters
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment