Powered by Blogger.

13 MP ဆယ်လ်ဖီကင်မရာနဲ့ Oppo A57 ကို တရုတ်နိုင်ငံတွင် မိတ်ဆက်


ဆယ်လ်ဖီကင်မရာကောင်းကောင်းနဲ့ ဖုန်းတစ်လုံးလိုချင်နေရင်တော့ Oppo A57 က သိပ်မဆိုးဘူးလို့ ပြောရပါလိမ့်မယ်။ လောလောဆယ်မှာတော့ တရုတ်နိုင်ငံတွင်းမှာသာ မိတ်ဆက်ခဲ့တဲ့ ဒီဖုန်းဟာ ကင်မရာပိုင်းကို အတော်လေးကို အားထည့်ထားတာကိုတွေ့ရမှာပါ။

ဆယ်လ်ဖီကင်မရာကတော့ 13MP ပါဝင်ပြီး ကျောဘက်ကင်မရာကတော့ 16MP ကင်မရာနဲ့ f/2.2 အပါချာပါဝင်ပြီး PDAF လေဆာ ပစ်မှတ်ချိန်စနစ်ကို အသုံးပြုထားပါတယ်။

တစ်ခြားအပိုင်းတွေကတော့ Oppo ရဲ့ ထုံးစံအတိုင်းပဲ သိပ်ပြီးမက်လောက်စရာ အနေအထားမှာရှိမနေတာကိုတွေ့ရပါတယ်။ 5.2 လက်မအကျယ်မျက်နှာပြင်မှာ LCD display ကို အသုံးပြုထားပြီး resolution ကတော့ 720x1280 သာပါဝင်တာကိုတွေ့ရပါတယ်။

ပရော်ဆက်ဆာကတော့ Snapdragon 435 octa-core ပရော်ဆက်ဆာကို အသုံးပြုထားပြီး 3GB RAM နဲ့ 32GB Internal storage ပါဝင်တာကိုတွေ့ရပါတယ်။ microSD card စိုက်မယ်ဆိုရင်တော့ 128GB အထိ စိုက်နိုင်မှာဖြစ်ပါတယ်။

ဘက်ထရီကတော့ 2900mAh ပါဝင်လာပြီး Android 6.0 Marshmallow ကို အသုံးပြုထားပါတယ်။ ဒေါ်လာ ၂၃၀ ကျော် ကျသင့်မယ့် ဒီဖုန်းကိုတော့ ရွှေရောင်နဲ့ Rose Gold အရောင် နှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံမှာ တရားဝင်ရောင်းချသွားမှာဖြစ်ပြီး တစ်ခြားနိုင်ငံကိုတော့ ဘယ်အချိန်တွေမှာ ဖြန့်ချိသွားမယ်ဆိုတာတော့ မသိရသေးပါဘူး။


( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment