Powered by Blogger.

အကြမ်းဖက်စာတွေကို ဖယ်ရှားဖို့ Facebook, Microsoft, Twitter နဲ့ YouTube တို့ ပူးပေါင်း


Facebook, Microsoft, Twitter နဲ့ YouTube တို့ဟာ အွန်လိုင်းပေါ်မှာရှိတဲ့ အကြမ်းဖက်စာသား (Terrorist Content) တွေကို ဖယ်ရှားမယ့် အစီအစဉ်တစ်ခုအပေါ် အတူတကွပြုလုပ်ဖို့အတွက် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီလို အကြမ်းဖက်စာသားတွေကို ဖယ်ရှားဖို့အတွက် ဒေတာဘေ့စ်တွေကို ကုမ္ပဏီတစ်ခုနဲ့ တစ်ခု မျှဝေသွားမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြတာပါ။

Facebook က ဒီဒေတာတွေအလုပ်လုပ်မယ့်ပုံစံကို သူ့ရဲ့ Newsroom ကနေတစ်ဆင့် ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ Content တွေကို ပြိုင်ဘက်ကင်း Digital fingerprints နည်းပညာကိုအသုံးပြု စုံစမ်းထောက်လှမ်းမှုာဖြစ်ကာ ကုမ္ပဏီရဲ့ Algorithm က ပိုမိုလွယ်ကူ၊ ထိရောက်စွာနဲ့ ဖယ်ရှားပစ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို Hashed Image နည်းပညာနဲ့ ဒေတာဘေ့စ်တွေကို အသုံးပြုတာဟာ သူတို့ရဲ့ Services တစ်ခုဖြစ်တဲ့ Child Pornography တွေကို  ဖယ်ရှားတဲ့ ပုံစံနဲ့ တူညီပါတယ်။ လူမှုကွန်ယက်တွေကို Isis တို့လို အကြမ်းဖက်အုပ်စုတွေက အဓိက ဝါဒဖြန့်ရာနေရာအဖြစ်နဲ့ အသုံးချလာတာဖြစ်တဲ့အတွက် နိုင်ငံတကာကဖိအားပေးနေကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆန်ဘာနာဒီနို၊ အကြမ်းဖက်မှုတရားခံ Syed Farook နဲ့ ဇနီးဖြစ်သူတို့က အကြမ်းဖက်မှုအကြောင်းကို Facebook မှာတင်ခဲ့တဲ့ပြီးနောက် အကြမ်းဖက်သမားတွေရဲ့ ကျက်စားရာနေရာဖြစ်ခဲ့ရာမှာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက အင်တာနက်ကုမ္ပဏီတွေထံ သတိပေးအကြောင်းကြားစာတွေ ပေးပို့ခဲ့ပြီး အဲ့ဒီအထဲမှာ  Faccebook, Google, Twitter, Yahoo, Snapchat, LinkedIn, Reddit တို့လည်း ပါဝင်ခဲ့တာပါ။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Tech Crunch, LA Times

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

1 comments:

  1. It's about time that these giant social media platforms takes charge in removing terrorist messages being shared and scattered on the web. This will give parents via http://resumes.expert/ stories the peace of mind when their children access these social media platforms.

    ReplyDelete