Instagram မှာ Live video တွေ လွှင့်နိုင်မယ့် feature ပါဝင်လာတော့မည်
Facebook က ပိုင်ဆိုင်ထားတဲ့ နောက်ထပ် Social app တစ်ခုဖြစ်တဲ့ Instagram မှာ FB မှာလိုပဲ Live video feature သစ်တစ်ခုကို ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ US ဈေးကွက်မှာတော့ Live video လွှင့်တင်တာဟာ အတော်လေးကို လူကြိုက်များတဲ့ feature တစ်ခုဖြစ်လျက်ရှိနေတယ်လို့ သိရပါတယ်။
Instagram မှာ Live လွှင့်တင်ချင်ရင်တော့ Instagram feed ရဲ့ ညာဘက်ကို slide ဆွဲလိုက်ရုံပဲဖြစ်ပြီး အဲ့အချိန်မှာ Start Live Video ဆိုတဲ့ စာတန်းနဲ့ ကင်မရာပေါ်လာမှာဖြစ်ပါတယ်။ Live Video လွှင့်နေတဲ့အကြောင်းကိုတော့ သူငယ်ချင်းတွေရဲ့ Live ပုံစံ တံဆိပ်လေးမှာ သွားပေါ်မှာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။
Live ဗီဒီယိုကိုတော့ app အတွင်းမှာ save ပြုလုပ်ထားနိုင်မှာတော့မဟုတ်ဘူးလို့ သိရပါတယ်။ Instagram ဟာ တွစ်တာရဲ့ periscope, Facebook Live, Youtube တို့ပြီးရင်တော့ ထင်ရှားတဲ့ အက်ပလီကေးရှင်းတွေထဲက Live ဗီဒီယိုလုပ်ဆောင်ချက်ပါဝင်လာတဲ့ နောက်တစ်ခုဖြစ်လာတော့မှာပါ။
( Mocha )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Android Authority
0 comments:
Post a Comment