Pokémon Go ဂိမ်းကစားနေတဲ့သူတွေအတွက် အကောင်တွေပိုပြီး ဖမ်းရတော့မှာပါ။
Pokémon Go ဂိမ်းရဲ့ Second Generation လို့ နာမည်ပေးထားတဲ့ ပိုကီမွန်အကောင်သစ် ၁၀၀ ကျော်ကို ဒီနေ့ကနေ စပြီး တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Pokémon Gold and Silver ဂိမ်းက ပိုကီမွန်ကောင်တွေကို Pokémon Go ဂိမ်းမှာ ထည့်သွင်းခဲ့တာဖြစ်ပြီး Pichu, Togepi နဲ့ တစ်ခြားနာမည်ကြီး ပိုကီမွန်ကောင်လေးတွေပါဝင်လာပါတယ်။
အကောင်ရေ ၁၀၀ ကျော်လို့ပြောထားပြီး ဘယ်လောက်များများပါဝင်လာတယ်ဆိုတာကတော့ မသိရသေးပါဘူး။ သူတို့ထဲက အများစုကိုတော့ Pokémon Stop မှာ ဥသွားဖောက်ပြီး ရရှိနိုင်မှာပါ။
Pokémon Go ဂိမ်းဟာ ဆိုရင်တော့ လူစိတ်ဝင်စားမှုကို ပြန်လည်မြင့်တင်ဖို့အတွက် Pikachu ရဲ့ special ဗားရှင်းကိုလည်း ထည့်သွင်းထားပြီး ဒီဇင်ဘာ ၂၉ အထိ ခရစ္စမတ်အထိမ်းအမှတ်အနေနဲ့ ပိုကီမွန်အကောင်အကြီးစားနှစ်ကောင်ကိုလည်း လက်ဆောင်အဖြစ် ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။
Pokémon Go ဂိမ်းကုမ္ပဏီ Niantic ကတော့ ကစားသူတွေကို Gyms တွေနဲ့ Pokéstop တွေဆီရောက်လာအောင်ဆွဲဆောင်နိုင်ဖို့လည်း မျှော်မှန်းထားပြီး Pokémon Go နဲ့ ပါတနာ Starbucks ကော်ဖီဆိုင်ကို ဂိမ်းကစားသူတွေ ပြန်ရောက်လာအောင် ပရိုမိုးရှင်းတွေနဲ့ ဆွဲဆောင်ထားပါတယ်။
( Mocha )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : The Verge
0 comments:
Post a Comment