Powered by Blogger.

Amazon Echo ကို 'ဟေ့ကွန်ပျူတာ' ဆိုတဲ့ နာမ်စားသုံးပြီး အမိန့်ပေးနိုင်ပြီ

 

Amazon ဟာ Echo နဲ့ Echo Dot တို့အတွက် Star Trek ထဲကလို "ကွန်ပျူတာ" ဆိုတဲ့ နာမ်စားသုံးပြီး အမိန့်ပေးစေခိုင်းနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

 သင့်အနေနဲ့ Alexa app ကို iPhone နဲ့ Android တို့အတွက် ထုတ်လုပ်ခဲ့ပြီး Setting ထဲမှာ "Wake Word" ဆိုတဲ့ နေရာကနေ ကိုယ်ကွန်မန်းပေးလိုတဲ့ Alexa, Amazon နဲ့ Echo တွေနေရာမှာ အဆိုပါ သုံးမျိုးအပြင် Computer ဆိုတဲ့ တစ်မျိုးပါ တိုးလာတာ တွေ့ရမှာပါ။

ဒါပေမယ့် လောလောဆယ် လုပ်ဆောင်ချက်ကို ရရှိနိုင်ဦးမှာ မဟုတ်ပဲ နောက်တစ်ပတ်မှသာ ထွက်လာမှာဖြစ်တာကြောင့် သင့်အနေနဲ့ Alexa App မှာ အဆိုပါ လုပ်ဆောင်ချက်ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

လက်တလောမှာ ရရှိနိုင်ဦးမှာ မဟုတ်ပေမယ့် နောက်ပိုင်းမှာ ငယ်ငယ်တုန်းက ကွန်ပျူတာတွေကို ဟေ့ကွန်ပျူတာလို့ ကွန်မန်းပေးနိုင်တာကိုတွေ့ရင် အံ့အားတသင့် ကြည့်ရှုခဲ့ရတာတွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်တော့မှာပါ။


( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment