Powered by Blogger.

Facebook က Xiaomi ဒု-ဥက္ကဌဟောင်း Hugo Barra ကို Oculus ခေါင်းဆောင်အနေနဲ့ ခေါ်ယူ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ၃နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့တဲ့ တရုတ် စမတ်ဖုန်း ကုမ္ပဏီ Xiaomi ကနေ ထွက်ခွာခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပြီးနောက် ယခုအခါမှာ Hugo Barra ဟာ နောက်ထပ်အံ့အားသင့်စရာပဲ Facebook ဆီပူးပေါင်းသွားကြောင်း ကြေညာခဲ့ပါတယ်။

သူဟာဆိုရင် Xiaomi Brand ကို တစ်ကမ္ဘာလုံးက သိအောင် ပြုလုပ်ပြောင်းလဲခဲ့ရာမှာ အဓိကနေရာက ပါဝင်ခဲ့သူပါ။

Barra ဟာ Mark Zuckerberg ရဲ့ ဒုတိယဥက္ကဌအဖြစ် Facebook ရဲ့ Oculus အဖွဲ့မှာ တာဝန်ထမ်းဆောင်သွားမှာပါ။ Zuckerberg ကိုယ်တိုင် ဒီအကြောင်းကို Facebook စာမျက်နှာမှာ ထုတ်ဖော်ခဲ့တာပါ။

ပုံထဲမှာ Hugo နဲ့ Mark တို့ရဲ့ ပုံစံ Animate အရုပ်လေးတွေကို ဓာတ်ပုံလိုမျိုးနဲ့ ရိုက်ထားတဲ့ ပုံကို အပေါ်ကနေ နာမည်လေးတွေရေးပြီး ထည့်သွင်းထားခဲ့တာပါ။ အားလုံးက Hugo အနေနဲ့ Xiaomi မှာလိုမျိုး အံ့အားသင့်စရာတွေ လုပ်ပြဦးမလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment