Powered by Blogger.

Samsung Galaxy S8 ကို MWC ပွဲတွင် ထုတ်ဖော်မည်မဟုတ်


နှစ်တစ်နှစ်ရဲ့ သုံးလလွန်ပြီးတိုင်း ပြုလုပ်လေ့ရှိတဲ့ ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲ MWC ကို လာမယ့် မတ်လမှာလည်း စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြုလုပ်ဦးမှာဖြစ်ပါတယ်။

 ဒီပွဲမှာ Samsung ဟာ အဓိက စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ Galaxy S စီးရီးဖုန်းသစ်ကို ထုတ်ဖော်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီ ၂၀၁၇ခုနှစ်အတွင်းမှာတော့ Galaxy S မျိုးဆက်သစ် Samsung Galaxy S8 ထုတ်ဖော်နိုင်ဖွယ်မရှိတော့ကြောင်း သိရပါတယ်။

အတွင်းသတင်းတစ်ပုဒ်အရ ဖုန်းကို Galaxy Note 7 ပြသနာအချို့ကြောင့် ထုတ်လုပ်မယ့်ရက်ကို အနည်းငယ် နောက်ဆုတ်ခဲ့ရတာပါ။

Galaxy S8 ဖုန်းနဲ့ပါတ်သက်ပြီး Samsung က ဖုန်းသစ်ဟာ ဒီနှစ်အတွင်းမှာ အကောင်းဆုံဖုန်း ဖြစ်လာဖို့ ရည်မှန်းထားကြောင်း Samsung က ဆိုပါတယ်။

Galaxy S8 ဖုန်းမှာ All Screen ဆိုပြီး ဒီဇိုင်းပုံစံသစ်တစ်မျိုးနဲ့ ထွက်လာမှာဖြစ်ကြောင်း၊ AI Assistant စနစ်တစ်ခုလည်း ပါဝင်လာမှာဖြစ်ကြောင်း နားကြပ်ပေါက်ကိုလည်း ဖြုတ်ချသွားဖွယ်ရှိကြောင်း သတင်းသစ်တွေက ဆိုကြပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment