Powered by Blogger.

LG G6 မှာ Google Assistant ကို Bulit in အနေနဲ့ ထည့်သွင်းသွားဖွယ်ရှိနေ


Samsung Galaxy S8 ဖုန်းမှာ Bixby လို့ခေါ်တဲ့ Virtual Assistant ကိုထည့်သွင်းဖို့အတွက် ကောလဟလတွေထွက်လာချိန်မှာပဲ LG ဟာ G6 ဖုန်းသစ်မှာ AI စနစ်ကို ထည့်သွင်းဖို့ ရှိနေကြောင်း သိရပါတယ်။ တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီနှစ်ခုဟာ Android ကမ္ဘာကို အံ့အားသင့်စရာတစ်ချို့ရအောင် ဖန်တီးနေတာလည်း ဖြစ်ပါတယ်။

LG ဟာ G8 ဖုန်းမှာ Google Assistant AI စနစ်ကို ထည့်သွင်းဖွယ်ရှိနေပြီး ဒီစနစ်ဟာဆိုရင်ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ထုတ်လုပ်ခဲ့တဲ့ Google ပိုင်ဆိုင်တဲ့ Pixel နဲ့ Pixel XL ဖုန်းတွေမှာလည်း ထည့်သွင်းထားခဲ့တာပါ။ အဲ့ဒီအပြင် Google က Google Assistant နဲ့ပါတ်သက်တဲ့ AI App Allo ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။

Google Assistant ဟာ လာမယ့် Android Wear 2.0 မှာလည်း ပါဝင်နိုင်ကြောင်းလည်း သိရပါတယ်။ LG G6 ကို လာမယ့် MWC ပွဲမှာ ထုတ်လုပ်နိုင်ကြောင်းလည်း သိရပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment