Powered by Blogger.

၂၀၁၆ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၂၂သန်းကျော် တင်ပို့ပြီး စံချိန်တင်ခဲ့တဲ့ Meizu


၂၀၁၆ခုနှစ်ဟာ Meizu အတွက်တော့ ဂရိတ်နှစ်လို့ ဆိုရမလိုပါပဲ။ ကုမ္ပဏီအနေနဲ့ ပစ္စည်းများစွာထုတ်လုပ်ရောင်းချခဲ့ပြီး စံချိန်တင်အရေအတွက်ဖြစ်ခဲ့ကာ ၂၀၁၇မှာတော့ ပိုမိုကြီးမားတဲ့ အစီအစဉ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

 ဒီနေ့အစောပိုင်းမှာ တရုတ်ထုတ်လုပ်သူအနေနဲ့ Event တစ်ခု ပြုလုပ်ခဲ့ပြီး အဲ့ဒီမှာ ၂၀၁၆ခုနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၂၂သန်းအထိ တင်ပို့ရောင်းချခဲ့ရတယ်လို့ ထုတ်ဖော်ခဲ့တာပါ။

ဒါဟာဆိုရင် Meizu အတွက် တရုတ်စမတ်ဖုန်းဈေးကွက်မှာ စံချိန်ချိုးဖျက်မှုတစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအထဲက ဆယ်ရာခိုင်နှုန်းကတော့ တရုတ်နိုင်ငံ ပြည်ပမှာ ရောင်းချခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

Meizu ဟာ ၂၀၁၇ခုနှစ်မှာ ဖုန်းအမျိုးအစား ၆မျိုးအထိ ထုတ်လုပ်မှာ ဖြစ်ပြီး တစ်မျိုးဟာဆိုရင် Snapdragon 625 ပရောဆက်ဆာကို အသုံးပြုမှာ ဖြစ်တယ်လို့သိရပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment