တဖြည်းဖြည်းနဲ့ မိုဘိုင်းလ်ပလက်ဖော်ငးဟာ App Stores တွေကနေ ကွန်ပျူတာပုံစံ User Interface အငယ်စားလေးတွေနဲ့ ကွန်ပျူတာတွေရဲ့ ပုံစံကို လွှမ်းမိုးလာတော့မှာပါ။ အဲ့လိုပဲ Trend တစ်ခုအနေနဲ့ Desktop ပလက်ဖောင်းဟာလည်း မိုဘိုင်းလ် OS တွေရဲ့ ပုံစံကို မျိုးဖြစ်လာပါတယ်။ ယခု လာမယ့် Android O ဗားရှင်းမှာ ဖုန်းထဲက Graphics Chip Driver ကို Play Store ကနေတစ်ဆင့် Download လုပ်ပြီး Update လုပ်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။
Android ရဲ့ Update လုပ်တဲ့ပုံစံဟာ Android Nougat မှာ စတင်နေပြီဖြစ်ပြီး Chrome OS ရဲ့ A/B update system ပုံစံကို ယူထားခဲ့ပါတယ်။ ဒါကြောင့် OS ကော်ပီနှစ်စုံကို သိမ်းထားပြီး တစ်ခုက Update လုပ်ပြီးတာနဲ့ ဘက်ဂရောင်းက တစ်ခုက Reboot လုပ်လိုက်တာနဲ့ တစ်ခုကို ဖယ်ရှားလိုက်မှာပါ။ ဒါဟာဆိုရင် အသုံးပြုသူအတွက် ဒေါင်းလုဒ်လုပ်ချိန်ကို ချုံ့ပေးလိုက်ရုံသာမက အလုပ်လုပ်ဖို့လည်း ပိုမိုမြန်ဆန်စေမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
Google ဟာ Android O မှာ ပါဝင်လာမယ့် Trebleကိုလည်း မိတ်ဆက်ထားပြီးဖြစ်ပါတယ်။
Bruce
#technology.thithtoolwin.com
Ref: Slash Gear
0 comments:
Post a Comment