Powered by Blogger.

Xiaomi Mi Max 2 ကို နောက်သီတင်းပတ်ထဲမှာ ထုတ်လုပ်ဖို့ Xiaomi စီစဉ်နေ



ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ Xiaomi Mi Max ကို ဆက်ခံတဲ့ ဖုန်းအမျိုးအစားသစ် ကို နောက်သီတင်းပတ်အတွင်းမှာ Xiaomi က ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ တရုတ်ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကနေ ထုတ်ဖော်ချက်အရ Mi Max 2 ကို လာမယ့် မေလ ၂၅ရက်နေ့မှာ ထုတ်လုပ်ဖို့ ပြုလုပ်နေကြောင်း ဆိုခဲ့တာပါ။

ပစ္စည်းဟာ ကောလဟလတွေအရ Qualcomm Snapdragon 626 Chipset ၊ ၆.၄လက်မအရွယ် မျက်နှာပြင်၊ RAM 4GB, Internal Storage 128GB တို့ ပါဝင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဖုန်းဟာ လုပ်ဆောင်ချက်တွေအနေနဲ့ 12MP main camera, 5MP Selfie ကင်မရာတွေလည်း ပါဝင်လာမှာပါ။

တခြားပေါက်ကြားထားတဲ့ အချက်တွေနဲ့ ကောလာဟလတွေအရတော့ 4G LTE ထောက်ပံ့ပေးမှု၊ 3.5mm headphone jack, USB Type-C, IR blaster နဲ့ သတ္တုနဲ့ တည်ဆောက်ထားတဲ့ ကိုယ်ထည်တွေ ပါဝင်လာမှာပါ။

  Brucee

 #technology.thithtoolwin.com

  Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment