Powered by Blogger.

Andy Rubin ထုတ်လုပ်လိုက်တဲ့ စွမ်းဆောင်ရည်မြင့် Essential Phone ကို လေ့လာကြည့်ခြင်း



နာမည်ကတော့ အားလုံးအတွက် မရှိမဖြစ် အခရာကျလာမယ့် ပုံစံနဲ့ နာမည်ပေးထားပါတယ်။ Essential Phone  လို့ နာမည်ပေးထားတဲ့ ဒီဖုန်းကိုတော့ ကျွန်တော်တို့လက်ရှိအသုံးပြုနေကြတဲ့ Android ပလက်ဖောင်းကို တီထွင်တဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Andy Rubin က ထုတ်လုပ်လိုက်တာပါ။ ဖုန်းရဲ့ ပုံစံကတော့ စွဲမက်ဖွယ်ကောင်းပြီး ထည့်သွင်းထားတဲ့ အစိတ်အပိုင်းတွေအားလုံးကလည်း စွမ်းဆောင်ရည်မြင့်တွေပဲဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ကိုတော့ ဘောင်ပျောက်လုနီးပါး ပုံစံပြုလုပ်ထားပြီး အတော်လေးဒီဇိုင်းမိုက်တာကိုတော့ ပထမဆုံးအနေနဲ့ သဘောကျမိပါတယ်။


Essential Phone ကိုတော့ Code Conference 2017 မှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပြီး ဖုန်းမထွက်ခင်တည်းက ထုတ်ဖော်ထားတဲ့ ပုံတွေကြောင့် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။ ဖုန်းမျက်နှာပြင်ဟာ ၅.၇၁ လက်မ အကျယ်နဲ့ Phablet အရွယ်အစားလောက်ရှိပြီး  2560 x 1312 pixels resolution ရှိပါတယ်။ ပရော်ဆက်ဆာကတော့ Qualcomm ကနေ ထုတ်လုပ်ထားတဲ့ နောက်ဆုံးထွက် Snapdragon 835 ဖြစ်ပြီး RAM 4GB နဲ့ တွဲဖက်ပွဲထွက်လာခဲ့တာပါ။ ပါရင်းစွဲ storage ကတော့ 128 GB ဖြစ်ပါတယ်။


ဖုန်းကိုယ်ထည်ကိုတော့ တိုက်တေနီယမ်နဲ့ ကြွေနှစ်ခုကို ရောစပ်ပြုလုပ်ထားတာဖြစ်ပြီး တစ်ခြား Metal Body နဲ့ အလူမီနီယမ်ကိုယ်ထည်ဖုန်းတွေထက် အကြမ်းခံနိုင်တဲ့အပြင် အရောင်ပိုထွက်တာကိုလည်း တွေ့ရပါတယ်။ အကြိုက်တွေ့မိတဲ့အချက်ကတော့ ဖုန်းတစ်ကိုယ်လုံးမှာ Brand Logo ကို လုံးဝနေရာမပေးထားပဲ ဖုန်းကို ရိုးရိုးရှင်းရှင်းနဲ့ ပြုလုပ်ထားတာကိုပါပဲ။

ကင်မရာပိုင်းကတော့ အားရစရာကောင်းပြီး ကျောဘက် ကင်မရာနှစ်လုံးတွဲဟာ 13MP စီဖြစ်ပြီး ဒုတိယကင်မရာတစ်လုံးဟာtelephoto နဲ့ bokeh ပုံတွေကို ရိုက်ကူးပေးရုံတင်မကပဲ  monochrome ဆန်ဆာနဲ့ အလုပ်လုပ်တာကြောင့် အလင်းနည်းတဲ့အနေအထားတွေမှာပါ ပုံကောင်းတွေ ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အရှေ့ဘက် ဆယ်လ်ဖီကင်မရာကတော့ 8MP ဖြစ်ပေမယ့်လည်း 4K ဗီဒီယိုတွေကိုတောင် ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။

Android 7.1.1 Nougat ဗားရှင်းကို အသုံးပြုထားပြီး ဖုန်းလုံခြုံရေးအတွက် လက်ဗွေဆန်ဆာကို ထည့်သွင်းထားပါတယ်။ ဘက်ထရီပမာဏကတော့  3,040 mAh ပမာဏရှိပြီး အားကတော့ ကောင်းကောင်းအသုံးခံနိုင်ပါလိမ့်မယ်။

ဒီဖုန်းရဲ့ထူးခြားချက်ကတော့ modular ဖြစ်ပြီး သံလိုက်ပင်လေးနှစ်ခုကို ဖုန်းရဲ့ ကျောဘက်မှာတွေ့ရမှာပါ။ ဒီပင်လေးတွေနဲ့ လောလောဆယ်တော့ ပုံမှာပြထားတဲ့အတိုင်း ၃၆၀ ဒီဂရီရိုက်ကူးနိုင်တဲ့ ကင်မရာနဲ့ Wirelss Charging Dock တွေကို တပ်ဆင်အသုံးပြုနိုင်မှာပါ။ နောက်ထပ်လည်း ထပ်ထွက်မယ့် အစိတ်အပိုင်းတွေရှိနေအုံးမှာပါ။

ဖုန်းရဲ့ ဈေးနှုန်းကတော့ ၆၉၉ ဒေါ်လာဖြစ်ပြီး Samsung ရဲ့ Galaxy S8 နဲ့ LG G6 , Xiaomi Mi 6 စတဲ့ flagship ဖုန်းတွေနဲ့အတူ ဈေးကွက်ပြိုင်လာဖွယ်ရှိနေပါတယ်။


Mocha

#technology.thithtoolwin.com

Ref : Android Authority, The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment