Powered by Blogger.

Oppo ရဲ့ အဓိက စမတ်ဖုန်းသစ်ရဲ့ ပုံတွေ ပေါက်ကြားလာ

Oppo ဟာ ဇွန်လ ၁၀ရက်နေ့မှာ နောက်ဆုံးပေါ် အဓိကစမတ်ဖုန်း တစ်မျိုးကို ထုတ်လုပ်ဖို့ စီစဉ်ထားပြီး ဒီဖုန်းသစ်အတွက် ပုံရိပ်သစ်တွေ အွန်လိုင်းမှာ ပေါက်ကြားလာခဲ့ပါတယ်။ Android Pure ရဲ့ နောက်ဆုံးသတင်းတစ်ရပ်အရ ဒီဖုန်းကို Oppo R11 ဆိုတဲ့ မော်ဒယ်နာမည်နဲ့ ထွက်လာမှာ ဖြစ်ပြီး ဖုန်းသစ်အတွက် ဗီဒီယိုအတိုတစ်ခုကိုလည်း RayArena က ဖော်ထုတ်ခဲ့ပါတယ်။



R11 ဟာ အရောင်လေးမျိုးနဲ့ ထွက်လာမှာ ဖြစ်ပြီး Gold, Rose Gold, Silver နဲ့ Black ဆိုပြီး Color Option တွေရှိမှာပါ။ အစောပိုင်း ပေါက်ကြားမှုတစ်ရပ်အရ R11 ဟာ အောက်ဖော်ပြပါ Specs တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

5.5-inch 1080p display
Snapdragon 660 processor
4GB of RAM, 64GB of storage
20MP dual camera system
3,000mAh battery, fingerprint sensor

အဲ့ဒီအပြင် ပိုမိုကြီးမားတဲ့ R11 Plus ဗားရှင်းလည်း ထွက်လာမှာ ဖြစ်ပြီး ပိုမိုကြီးမားတဲ့ မျက်နှာပြင်အရွယ်အစားနဲ့ ဘက်ထရီအရွယ်အစား ကြီးကြီးတွေ ပါဝင်လာမှာပါ။ တရားဝင်ထုတ်ဖော်ဖို့ ၁၀ရက်လိုသေးပေမယ့် R11 ကိုတော့ ကောင်းကောင်းခန့်မှန်းလို့ ရနေပါပြီ။

Brucee

#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment