Powered by Blogger.

Intel က စွမ်းဆောင်ရည်မြင့် Core X စီးရီး ပရော်ဆက်ဆာများကို ထုတ်ဖော်



နာမည်ကျော် နည်းပညာ ကုမ္ပဏီ Intel ကတော့ Desktop ကွန်ပျူတာတွေအတွက် စွမ်းဆောင်ရည်မြင့်  high-end ဗားရှင်း X စီးရီး ပရော်ဆက်ဆာတွေကို ပွဲထုတ်လိုက်ပြီဖြစ်ပြီး i5, i7 နဲ့ i9 ဆိုပြီး မော်ဒယ်လ်သုံးမျိုးနဲ့ Line Up ကို စတင်လာတာပါ။ i9 ကတော့ Intel ရဲ့ နောက်ဆုံးထွက် ပရော်ဆက်ဆာမော်ဒယ်လ်သစ်ဖြစ်ပါတယ်။

ဒီ ပရော်ဆက်ဆာတွေကိုတော့ Gamers အများစုအနေနဲ့ ကြိုက်နှစ်သက်ကြမှာဖြစ်ပြီး တကယ့်ဂိမ်းအကြီးစားတွေကို ကောင်းကောင်း run နိုင်မှာပါ။ 4 cores အနည်းဆုံးကနေ စတင်လာတဲ့ ဒီမျိုးဆက်မှာတော့ Intel က 18 cores နဲ့ 36 threads အထိ ထောက်ပံ့ပေးနိုင်တဲ့ ပရော်ဆက်ဆာတွေကိုပါ ထည့်သွင်းလာခဲ့ပါတယ်။

X မျိုးဆက်မှာတော့ 4 cores, 4 threads နဲ့  ၂၄၂ ဒေါ်လာတန် Core i5-7640X ပရော်ဆက်ဆာကနေစတင်လာပါတယ်။ i7 X စီးရီးကတော့ အနည်းဆုံး ၃၃၉ ဒေါ်လာကနေ ဈေးစတင်ပြီး 4 core / 8 thread မော်ဒယ်လ်က ၃၃၉ ဒေါ်လာခန့်ဈေးရှိတာပါ။ 10-core / 20-thread မော်ဒယ်လ် i7 X ကတော့ ၅၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။


i9 မော်ဒယ်လ်မှာတော့ 12-core / 24-thread ဗားရှင်းကို ၉၉၉ ဒေါ်လာနဲ့ 16-core / 32-thread ကိုတော့ ၁၆၉၉ ဒေါ်လာအထိ ဈေးရှိနေတာကိုတွေ့ရပါတယ်။ လောလောဆယ် Core X ပရော်ဆက်ဆာတွေဟာ Intel ထုတ် X299 motherboard နဲ့သာ အလုပ်လုပ်အုံးမှာဖြစ်ပြီး မကြာခင်အတွင်းမှာတော့ ပရော်ဆက်ဆာအကုန်လုံးနဲ့ အလုပ်လုပ်အောင် ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Mocha

#technology.thithtoolwin.com

Ref : The Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment