Powered by Blogger.

သင်ရဲ့မျက်ဝန်းတွေကို အရောင်လင်းလက်သွားစေမယ့် LED မျက်ခုံးမွှေးအတု


 နည်းပညာနဲ့ ဖက်ရှင်ပိုင်းကို ပူးတွဲပေါင်းစပ်လိုက်တဲ့ Tien Pham နဲ့ Davey Taylor တို့ရဲ့ဖန်တီးတီထွင်မှုဟာ လူစိတ်ဝင်စားမယ့် အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ F.lashes လို့အမည်ပေးထားတဲ့ LED မျက်ခုံးမွှေးအတုကို ဖန်တီးထုတ်လုပ်လိုက်တာဖြစ်ပြီး မကြာခင်ကာလအတွင်းမှာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။

 ဒီလို တပ်ဆင်လို့ရတဲ့ နည်းပညာအသစ်အဆန်းကို နာရီဘက်ထရီနဲ့ ပြုလုပ်ထားတာဖြစ်ပြီး လေးနာရီလောက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ LED မျက်ခုံးမွှေးအတုကို ပုံမှန်မျက်ခုံးမွှေးတု တပ်ဆင်သလိုပဲ အလွယ်တကူ တပ်ဆင်နိုင်မှာဖြစ်ပြီး ကိုယ်ရဲ့လှုပ်ရှားမှုအပေါ်မှာမူတည်ပြီး အလင်းရောင်ပုံစံတွေက ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။ F.lashes LED မျက်ခုံးမွှေးတုဟာ ကခုန်သူတွေအတွက် အတော်လေးကို အဆင်ပြေနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး ကခုန်သူရဲ့ခေါင်းတိမ်းစောင်းခြင်း ၊ ခုန်ပေါက်ခြင်းနဲ့ လှည့်လည်ခြင်းတို့အပေါ် မူတည်ပြီး LED အရောင်များက ပုံစံအမျိုးမျိုး ပြောင်းလဲပေးသွားမှာဖြစ်ပါတယ်။

 F.lashes LED မျက်ခုံးမွှေးတုကို အနီရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ အပြာရောင် ၊ အပြာဖျော့ရောင် ၊ အဖြူရောင်နဲ့ အဝါရောင်တို့ဖြင့် အစုံအလင် ရရှိနိုင်မှာဖြစ်ပါတယ်။ F.lashes LED မျက်ခုံးမွှေးတုဟာ ပျမ်းမျှအလေးချိန်ထက် ပိုမိုပေါ့လျားပြီး တပ်ဆင်အသုံးပြုမယ့်သူဟာ LED မျက်ခုံးမွှေးတုရဲ့ထိန်းချုပ်ကိရိယာကို ဦးခေါင်းအနောက်ခြမ်းမှာ ကလစ်တစ်ခုလို ချိတ်တွယ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

  ဒီ F.lashes LED မျက်ခုံးမွှေးတုဟာ သေးငယ်တဲ့ ဝိုင်ယာလေးတွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး အပူထုတ်လုပ်မှု မရှိသလို 3.3 V သာရှိတဲ့ နာရီသုံးဘက်ထရီကိုသာ အသုံးပြုထားတာဖြစ်လို့ ရှော့ခ်ဖြစ်မှာလည်း စိတ်ပူစရာမလိုဘူးလို့ F.lashes ကို တီထွင်ခဲ့သူ Tien Pham က ရှင်းပြပါတယ်။

ရေကူးကန်ထဲကိုတော့ F.lashes တပ်ဆင်ပြီး မခုန်ချသင့်ဘူးလို့ Pham က သတိပေးခဲ့ပေမယ့် တကယ်လို့ F.lashes ကို ရေထဲပြုတ်ကျသွားရင်လည်း ဆက်လက်ပြီး အသုံးပြုနေနိုင်ဦးမယ်လို့ Pham က ရှင်းပြထားပါတယ်။ ဒါ့အပြင် Pham က သူရဲ့ F.lashes လေးကို ဈေးသတ်မှတ်ထားရခြင်း မရှိသေးပေမယ့် လူတိုင်းတတ်နိုင်လောက်တဲ့ ဈေးနှုန်းမျိုးရအောင် စီစဉ်ပေးသွားမယ်လို့ ကတိပေးသွားခဲ့ပါတယ်ခင်ဗျာ။



 VitamiN

#technology.thithtoolwin.com

  Ref:eliteraders
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment