Powered by Blogger.

MacBook လိုင်းတစ်ခုလုံးကို WWDC မှာ Apple Update လုပ်ဖို့ ပြင်နေ



Apple ဟာ MacBook သုံးမျိုးလုံးကို ဒီနှစ်မှာပြုလုပ်မယ့် WWDC ပွဲမှာ Upgrade လုပ်ဖို့ ပြင်နေကြောင်း Bloomberg သတင်းတစ်ပုဒ်အရ သိရပါတယ်။

ကုမ္ပဏီက ဒီမော်ဒယ်သုံးမျိုးလုံးကို Update လုပ်ဖို့ အလုပ်လုပ်နေပြီး MacBook Pro ကို Intel ရဲ့ နောက်ဆုံးထွက် Kaby Lake Processor ထည့်သွင်းဖို့ ပြုလုပ်နေတာပါ။ ပိုကောင်းတဲ့ ဗားရှင်းဖြစ်တဲ့ ၁၂လက်မ MacBook နဲ့ ၁၃လက်မ MacBook Air တို့ကိုလည်း ပိုမြန်တဲ့ Processor တွေကို ထည့်သွင်းဖို့ လုပ်နေပါတယ်။ ဒါပေမယ့် ဘယ်လိုအမျိုးအစားထည့်သွင်းမယ်ဆိုတာတော့ သတင်းမထွက်လာသေးပါဘူး။
Apple ဟာ ၁၃လက်မအရွယ် MacBook Pro ကိုလည်း Air ရဲ့ Successor အနေနဲ့ ထုတ်လုပ်ဖို့ စဉ်းစားနေပါတယ်။

ဒါပေမယ့် ဒီ Update တွေဟာ Hardware ပိုင်းမှာ အဓိကအပြောင်းအလဲတွေတော့ မဟုတ်သေးပါဘူး။ MacBook Pro ရဲ့ အသဲနှလုံးဖြစ်တဲ့ Processor ကို Intel ရဲ့ Processor အသုံးပြုတာက ပထမဆုံး ဖြစ်လာမှာပါ။ RAM နဲ့ USB-C တွေကို ထည့်သွင်းမယ်ဆိုတဲ့ အသံတွေလည်း ထွက်နေတာကြောင့် ဒီလက်ပ်တော့အသစ်တွေဟာ Steve Jobs နောက်ပိုင်း အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာမှာပါ။

  Brucee

  #technology.thithtoolwin.com

  Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment