ပထမဆုံး iPhone ကတည်းကရင်း Apple က မပြောင်းလဲပဲ အမြဲတမ်းအသုံးပြုလာတာကတော့ အသံအတိုးအလျှော့ လုပ်လိုက်ရင် အလယ်နားမှာ Box ကြီးတစ်ခု ကျလာတာပါပဲ။
ဒါက နည်းနည်းတာ့ စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ဗီဒီယိုတွေကြည့်နေတဲ့အခါ ဂိမ်းတွေ ဆော့နေတဲ့အခါ၊ ဒီ Box ကြီးပေါ်လာရင် တော်တော် ဖီးလ်ကျဲတာပါ။ ဒါကြောင့် အခုတော့ Apple က ပြင်ဆင်ပေးလိုက်ပါပြီ။
iOS 11 မှာ Apple ဟာ အသံထိန်းချုပ်တဲ့ Indicator ကို ဒီဇိုင်းပြင်လိုက်ပြီဖြစ်ပြီး လာမယ့် Software Update ကျရင် iPhone / iPad တွေမှာ ဒီဒီဇိုင်းကို ရနိုင်မှာ ဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ ပုံစံကလည်း Box အသေးလေးနဲ့ အပေါ်ထောင့်နားလေးမှာဆိုတော့ အတော် အဆင်ပြေတယ်လို့ ပြောရမှာပါ။
#technology.thithtoolwin.com
Ref: Business Insider
0 comments:
Post a Comment