Powered by Blogger.

Apple ရဲ့နောက်ဆုံးထွက်ကြော်ငြာက သဘာဝတရားကြီးကို ချစ်မြတ်နိုးစေလာပါလိမ့်မယ်


 Apple ရဲ့ ကြော်ငြာအသစ်က iPhone အသုံးပြုသူတွေကို လတ်ဆတ်စေမှာပါ။ ဘာလို့လည်းဆိုတော့ ကြော်ငြာထဲမှာ ပါဝင်တဲ့ ဗီဒီယို ကလစ်တေါဟာ သာမန်အသုံးပြုသူတွေ ရိုက်ယူထားတဲ့ ပုံတွေကို ဖြတ်ထည့်ပြီး နောက်ခံစကားပြောအနေနဲ့ အာကာသပညာရှင် Carl Sagan ရဲ့ စကားပြောကို ထည့်သွင်းထားတာပါ။

ဗီဒီယိုကတော့ ရှင်းလင်းပါတယ်။ သာမန် သစ်တော့တွေ၊ ပင်လယ်ကမ်းခြေတွေ၊ တောင်တွေနဲ့ ငှက်ကလေးတွေလို သဘာဝ အလှတရားကြီးကို ဦးစားပေးရိုက်ကူးထားတာတွေကို ထည့်သွင်းထားခဲ့တာပါ။ ကြော်ငြာဟာ ဖုန်းမှာပါဝင်တဲ့ ကင်မရာကို အထူးပြုချင်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေမယ့် နောက်ခံစကားပြောအနေနဲ့ Car Sagan ရဲ့ အသံက သဘာဝတရားကြီးရဲ့ အလှအပတွေကို ခံစားရင်း လောကကြီးကို ချစ်မြတ်နိုးစိတ်တွေ ဖြစ်ပေါ်လာနိုင်မှာပါ။

Carl Sagan ရဲ့ နူးညံ့ပြီး မေတ္တာတရားတွေ ပါဝင်တဲ့အသံကလည်း သင့်ကို လွမ်းဆွတ်စိတ်တွေ ဖြစ်ပေါ်လာစေနိုင်မှာပါ။ လောကရဲ့ သဘာဝတရားကို ချစ်မြတ်နိုးတဲ့စိတ်ကိုလည်း အပြည့်အဝ ပုံပေါ်စေနိုင်ခဲ့တာမို့ Apple ရဲ့ ကြော်ညာဗီဒီယိုလေးကို ကြည့်ကြည့်ကြပါဦး..


  Brucee

#technology.thithtoolwin.com

  Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment