Powered by Blogger.

Mashmallow က Android OS မှာ ပေါ်ပျူလာအဖြစ်ဆုံးဖြစ်



 Google ရဲ့ နောက်ဆုံးထွက်ထားတဲ့ Android Platform ဖြစ်တဲ့ Nougat ကတော့ အသုံးပြုတဲ့ပမာဏ ၉.၅ရာခိုင်နှုန်းရှိပါတယ်။ နောက်ဆုံးထွက် 7.1 ဗားရှင်းကတော့ ၀.၆ရာခိုင်နှုန်းရှိပါတယ်။

Android ဗားရှင်းတွေထဲမှာ ပေါ်ပျူလာအဖြစ်ဆုံးကတော့ Android 6.0 Marshmallow ဖြစ်ပြီး ဝေစု ၃၁.၂ရာခိုင်နှုန်းအထိ ရရှိထားပါတယ်။ ဗားရှင်းအဟောင်း Lollipop ကတော့ ၃၀.၈ ရာခိုင်နှုန်းအထိ အသုံးပြုနေကြဆဲပါ။


ပြီးခဲ့တဲ့နှစ်လအတွင်းက Nougat အသုံးပြုသ ၅ရာခိုင်နှုန်းရှိရာကနေ မေလအစောပိုင်းက ၇.၁ရာခိုင်နှုန်း၊ ယခုမှာတော့ ၉.၅ရာခိုင်နှုန်းရှိနေပါတယ်။

လက်ရှိဒေတာတွေအရ Gingerbred နဲ့ Ice Cream Sandwich တို့လို ဗားရှင်းတွေကို အသုံးပြုနေတဲ့သူတွေလည်း ရှိနေသေးပြီး ၀.၈ရာခိုင်နှုန်းစီ ရှိပါတယ်။ Jelly Bean နဲ့ KitKat တို့နှစ်ခုပေါင်းကတော့ ၃၀ရာခိုင်နှုန်းလောက်ရှိနေပါတယ်။


   Brucee

  #technology.thithtoolwin.com

  Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment