Powered by Blogger.

Solar Roof တွေကို Elon Musk က ပထမဆုံး Customer အနေနဲ့ အိမ်မှာ တပ်ဆင်ထား



Tesla ဟာ သူတို့ရဲ့ Solar Roof တွေကို ပထမဆုံးအနေနဲ့ စတင်တပ်ဆင်နေပြီဖြစ်ပြီးတော့ Elon Musk ဟာလည်း ဒီအမိုးတွေတပ်ဆင်လိုက်တဲ့ ပထမဆုံး Customer တွေထဲက တစ်ယောက်ဖြစ်လာပါတယ်။ Tesla ရဲ့ CEO ဖြစ်သူဟာ ပြီးခဲ့တဲ့ညတုန်းက Investors တွေကို ပြောကြားရာမှာ သူနဲ့ ကုမ္ပဏီရဲ့ CTO ဖြစ်သူ JB Straubel တို့ဟာ Solar Roof တွေကို သူတို့ အိမ်တွေမှယ တပ်ဆင်ထားပြီဖြစ်ကြောင်း ပြောခဲ့တာပါ။ Musk ဟာ သူတို့အိမ်တွေမှာ တပ်ဆင်ထားတဲ့ ပုံနှစ်ပုံကိုလည်း မျှဝေခဲ့ပါသေးတယ်။

တခြားတကယ့် Customer တွေထံကိုရော Tesla Roof တွေတပ်ဆင်နေပြီလားဆိုတာတော့ မသိရသေးပါဘူး။ Solar Roof တွေရဲ့ pre-order ကိုပြီးခဲ့တဲ့ မေလတုန်းက စတင်မှာယူဖို့အတွက် ဖွင့်ပေးခဲ့ပြီး ဒီနှစ်အတွင်းမှာ ရအောင် ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Musk က ဒါကပထမဆုံးဗားရှင်းဖြစ်ကြောင်း နောက်ပိုင်းမှာ အများအပြားထုတ်လုပ်ဖို့ ရှိကြောင်း ပြောခဲ့ပါတယ်။

Solar Roof ကို ပြီးခဲ့တဲ့ ၁နှစ်လောက်က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ကုန်ဟာ သာမန်အမိုးတွေလိုမျိုး ဒီဇိုင်းထုတ်ထားတာဖြစ်ပေမယူ့် Solar panel တွေကိုမြုတ်ပြီး ထည့်သွင်းထားတာပါ။ ဒီနည်းအားဖြင့် သင့်အနေနဲ့ ဆိုလာကနေ လျှပ်စစ်ဓာတ်အားကို ထုတ်ယူအသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
 

       Brucee

     #technology.thithtoolwin.com

        Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment