Powered by Blogger.

iOS 11 က Wi-Fi နဲ့ Bluetooth ကို Control Center ကနေ ပိတ်ထားလို့မရ



Apple က လတ်တလောမှာ ထုတ်လုပ်ထားတဲ့ iOS 11 ရဲ့ Control Center မှာ Feature အသစ်တွေအများကြီးပါဝင်လာခဲ့ပါတယ်။ အဲ့ဒီအထဲမှာ Force Touch နဲ့ Control accessible လုပ်တာတွေလည်း ပါဝင်လာပါတယ်။ ဒီအထဲမှာ ပြသနာရှိနေတာကတော့ Bluetooth နဲ့ Wi-Fi Control တွေပါပဲ။

iOS 11 မှာ Apple ဟာ Control Center ရဲ့ Button တွေကနေ Device တွေကို disconnect devices ဒါမှမဟုတ် disconnect network လုပ်ခွင့်ပြုမှာ ဖြစ်ပေမယ့် အနောက်မှာ တကယ်တော့ deactivate လုပ်ခွင့်ပေးမှ မဟုတ်ကြောင်း သိရပါတယ်။ အဲ့ဒီအစား Apple ဟာ နှစ်ခုလုံးကနေတော့ ထွက်ခွင့်တော့ ပေးမှာပါ။

ဒါနဲ့ပတ်သက်လို့ Security researcher တစ်ဦးဖြစ်တဲ့ Andrea Barisani က Bluetooth နဲ့ Wi-Fi တွေတကယ်မပိတ်သွားလို့ရှိရင် အဲ့ဒါတွေကနေတစ်ဆင့်ဖြစ်ပေါ်လာမယ့် တိုက်ခိုက်မှုတွေကိုစိုးရိမ်ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လုံးဝပိတ်သွားဖို့အတွက်ကတော့ Settings Menu ထဲက Button တွေကိုဝင်ရောက်ပြီး ပိတ်ရမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။


  Brucee

 #technology.thithtoolwin.com

  Ref: The Verge


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment