ကမ္ဘာ့အသေးဆုံး 1TB USB-C flash drive ကို SanDisk ထုတ်ဖော်
SanDisk ဟာ CES ပွဲမှာ ထုတ်ဖော်ခဲ့တဲ့ Flash Drive အမျိုးအစားတွေကို ထုတ်ဖော်လိုက်ပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက 1TB ရှိတဲ့ USB Type-C drive ပါပဲ။ ဒါဟာဆိုရင် ကမ္ဘာပေါ်မှာ Storage အများဆုံးနဲ့ အသေးဆုံးလို့တောင်ပြောနိုင်ပါတယ်။
နောက်တစ်ခုကတော့ SanDisk Ultra Fit USB 3.1 Flash Drive ဖြစ်ပြီးတော့ Storage ကတော့ 256 GB အထိ ရှိပါတယ်။
USB 3.1 Gen 1 drive တွေဟာ 130MB/s လွှဲပြောင်းနှုန်းရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
Bruce
#sport.thithtoolwin.com
Ref: GSM Arena
0 comments:
Post a Comment